“ရွှေစက်တော်ဘုရားပွဲ ကျင်းပရာတွင် သက်ဆိုင်သည့်လုပ်ငန်းများအတွက် တင်ဒါခေါ်ယူ”

08 Dec

မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်အတွင်းရှိ မန်းရွှေစက်တော်ဘုရားပွဲတော်အတွက် တည်းခိုဆောင် နှင့် အထွေထွေအရပ်ရပ်လုပ်ငန်းများအတွက် မန်းရွှေစက်တော်ရာဘုရားဂေါပကအဖွဲ့မှ လုပ်ငန်းတင်ဒါများ ခေါ်ယူထားကြောင်း သိရပါတယ်။ မန်းရွှေစက်တော်ရာဘုရားကြီး၊ ဗုဒ္ဓပူဇနိယပွဲတော်ကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက်မှ ဧပြီလ ၁၇ ရက်အထိ ၈၆ ရက်တိုင်တိုင် ကျင်းပသွားမှာဖြစ်ပါတယ်။ ပွဲတော်ကာလအတွင်း တင်ဒါလုပ်ငန်းလုပ်ကိုင်ခွင့်များကို ဒီဇင်ဘာလ ၈ ရက်မှ ၁၈ ရက်အထိ မင်းဘူးမြို့၊ ဂေါပကရုံးမှာ သတ်မှတ်ပုံစံနဲ့ လျှောက်ထားရန် ဖိတ်ခေါ်ထားတာဖြစ်ပါတယ်။ တည်းခိုဆောင်တင်ဒါဖွင့်ပွဲကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်မှာ နံနက် ၁၀ နာရီနှင့် အထွေထွေအရပ်ရပ် လုပ်ငန်းများကို ၂၁ ရက် နံနက် ၁၀ နာရီတို့မှာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သွားမယ်လို့ သိရပါတယ်။ (NVS 004)

08 Dec

ADVERTISE HERE .