ဖိအားတွေကို ဖယ်ရှားနိုင်ခဲ့ပြီလို့ ပြောခဲ့တဲ့ အီဆက်ခ်

07 Dec

လီဗာပူးလ်အသင်း တိုက်စစ်မှူး အီဆက်ခ် က ပရီးမီးယားလိဂ်တွင် အသင်းအတွက် ပထမဆုံး ဂိုးသွင်းယူ နိုင်ခဲ့ပြီးနောက် ဖိအားတွေကို ဖယ်ရှားနိုင်ခဲ့ပြီဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ အီဆက်ခ် ဟာ ပြီးခဲ့တဲ့နွေရာသီမှာ နယူးကာဆယ်အသင်းမှ လီဗာပူးလ်အသင်းသို့ ဗြိတိန်စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၁၂၅ သန်းဖြင့် ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး ခြေစွမ်းပြနိုင်ခြင်းမရှိလို့ ဝေဖန်များနဲ့ ရင်ဆိုင်နေခဲ့ရတာ ဖြစ်ပါတယ်။ အသက် ၂၆ နှစ်အရွယ်ရှိ အီဆက်ခ် က ဆောက်သမ်တန်အသင်းနဲ့ ပွဲစဉ်မှာ လီဗာပူးလ်ကစားသမားဘဝ ပထမဆုံးဂိုး သွင်းယူနိုင်ခဲ့ပြီး ဝက်စ်ဟမ်းနှင့်ပွဲမှာလည်း ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ အီဆက်ခ် က အကောင်းဆုံး ပုံစံကိုပြန်ရဖို့ ကြိုးစားနေကြောင်းနဲ့ ဖိအားများကို ဖယ်ရှားနိုင်ခဲ့ပြီး ဂိုးတွေအမြဲသွင်းဖို့ လိုအပ်ကြောင်း ပြောကြားခဲ့ပါတယ်။(NVS 008)

07 Dec

ADVERTISE HERE .