စီရော်နယ်လ်ဒို ရဲ့ ပွဲပယ်ပြစ်ဒဏ်အပေါ် ကန့်ကွက်မှုများရှိလာနိုင်

07 Dec

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)က ပေါ်တူဂီအသင်းခေါင်းဆောင် စီရော်နယ်လ်ဒို ရဲ့ ပွဲပယ်ပြစ်ဒဏ်ကို ဆိုင်းငံ့ ပြစ်ဒဏ်အဖြစ် သတ်မှတ်ခဲ့ခြင်းကြောင့် ဝေဖန်ပြစ်တင်မှုများနှင့်ရင်ဆိုင်နေရပြီး ကမ္ဘာ့ဖလားမဲခွဲပွဲအပြီးမှာ ကန့်ကွက် မှုများ ရှိလာနိုင်ကြောင်း သုံးသပ်မှုများရှိလာခဲ့ပါတယ်။ စီရော်နယ်လ်ဒို အနေနဲ့ အနီကတ်ပြစ်ဒဏ်ကို သုံးပွဲပယ်ပြစ်ဒဏ် ချမှတ်ခံခဲ့ရသော်လည်း လက်ကျန်နှစ်ပွဲကို ဆိုင်းငံ့ပြစ်ဒဏ်အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်ပါတယ်။ စီရော်နယ်လ်ဒို ဟာ ပေါ်တူဂီအသင်း နောက်ဆုံးကစားခဲ့တဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲ အာမေးနီးယားအသင်းနှင့် ပွဲစဉ်မှာ ပွဲပယ်ပြစ်ဒဏ်တစ်ပွဲကို ကျခံခဲ့ပြီးဖြစ်လို့ လာမည့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပွဲပယ်ခံရတော့မှာမဟုတ်ဘဲ အုပ်စုအဖွင့်ပွဲကတည်းက ပါဝင်ကစားနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် ဖီဖာရဲ့ ပြစ်ဒဏ်ချမှတ်မှုက စီရော်နယ်လ်ဒို ကမ္ဘာ့ဖလားပြိုင်ပွဲနှင့် မလွဲချော်စေရန် စည်းမျဉ်းကို လိုသလို အပြောင်းအလဲ ပြုလုပ်နေခြင်းဖြစ်ကြောင်း ဝေဖန်မှုများလည်း ထွက်ပေါ်လာခဲ့ခြင်းဖြစ်ပါတယ်။(NVS 008)

07 Dec

ADVERTISE HERE .