အင်တာမိုင်ယာမီအသင်း မေဂျာလိဂ်ဖလားကို ပထမဆုံးအကြိမ်ရရှိ

07 Dec

၂၀၂၅ မေဂျာလိဂ်ဖလားဗိုလ်လုပွဲမှာ အင်တာမိုင်ယာမီအသင်းက ဗန်ကူးဗားဝှိုက်ကပ်စ်အသင်းကို ၃ ဂိုး၊ ၁ ဂိုးနဲ့ အနိုင်ရပြီး ပထမဆုံးအကြိမ် ဆွတ်ခူးရရှိခဲ့ပါတယ်။ အင်တာမိုင်ယာမီအသင်းက ပွဲချိန် ၈ မိနစ်မှာ Own Goal နဲ့ ဦးဆောင်နိုင်ခဲ့ပြီး ၆၀ မိနစ်မှာ ချေပဂိုး ပြန်ပေးရကာ ပွဲချိန် ၇၁ မိနစ်မှာ ဒီပေါလ်၊ ဒုတိယပိုင်း နာကျင်အချိန်ပိုမှာ အယ်လန်ဒယ် တို့ရဲ့ ဂိုးတွေနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ အင်တာမိုင်ယာမီအသင်းဟာ ၂၀၂၀ ပြည့်နှစ်မှာ မေဂျာလိဂ်ပြိုင်ပွဲတွင် စတင်ယှဉ်ပြိုင်ခဲ့ပြီး ငါးနှစ်အကြာ၌ အမြင့်ဆုံးချန်ပီယံဆုကို ရရှိခဲ့တာဖြစ်ပါတယ်။ ၂၀၂၃ ခုနှစ် နွေရာသီမှာ အသင်းသို့ မက်ဆီ ရောက်လာပြီးနောက်ပိုင်း ဆုဖလားတွေကို ဆက်တိုက်ရရှိနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ ၂၀၂၃ ခုနှစ်မှာ Leagues Cup၊ ၂၀၂၄ ခုနှစ်မှာ Supporters' Shield၊ လက်ရှိရာသီမှာ Eastern Conference ဖလားနဲ့ မေဂျာလိဂ်ဖလားတွေကို ရရှိခဲ့ပါတယ်။ ယခုယှဉ်ပြိုင်ခဲ့တဲ့ ပွဲစဉ်မှာ ကွင်းလယ်ကစားသမား ဘတ်စကွက်စ် နဲ့ အယ်လ်ဘာတို တို့ရဲ့ ပရော်ဖက်ရှင်နယ်ကစားသမားဘဝ နောက်ဆုံးပွဲစဉ်လည်း ဖြစ်ခဲ့ပြီး အင်တာမိုင်ယာမီအသင်း နည်းပြ မာရှေရာနို အတွက် နည်းပြဘဝရဲ့ ပထမဆုံးဆုဖလား ဆွတ်ခူးရရှိခဲ့မှုဖြစ်ပါတယ်။(NVS 008)

07 Dec

ADVERTISE HERE .