ခြေကျင်းဝတ်ဒဏ်ရာကြောင့် ၆ ပတ်ခန့်နားရမည့် မော့စ်ကွီရာ
07 Dec
အာဆင်နယ်အသင်းရဲ့ ဗဟိုခံစစ်ကစားသမား မော့စ်ကွီရာ ဟာ ဒဏ်ရာကြောင့် အနည်းဆုံး ၆ ပတ်ခန့် နားရတော့မှာဖြစ်ပါတယ်။ ဘရန့်ဖိုဒ်အသင်းကို အနိုင်ရတဲ့ပွဲမှာ မော့စ်ကွီရာ က ခြေကျင်းဝတ် ဒဏ်ရာရခဲ့တာဖြစ်ပြီး ခံစစ်က ဂါဘရီရယ် နဲ့ ဆာလီဘာ တို့ ဒဏ်ရာရနေချိန်မှာ မော့စ်ကွီရာ ဒဏ်ရာရထပ်မံရရှိခဲ့လို့ အာဆင်နယ် ခံစစ်ပိုင်းအတွက် ထိုးနှက်ချက်ဖြစ်ခဲ့ရပါတယ်။ မော့စ်ကွီရာ ရဲ့ဒဏ်ရာကို အသေးစိတ်စစ်ဆေးပြီးနောက် ခြေကျင်းဝတ်ဒဏ်ရာက မပြင်းထန်ပေမယ့် အနည်းဆုံး ၆ ပတ်ခန့် နားရနိုင်ဖွယ်ရှိတယ်လို့ ခန့်မှန်းထားပါတယ်။ အာဆင်နယ်အသင်းခံစစ်မှာ ဂါဘရီရယ် က ဘရားဇီးလ်အသင်းအတွက် ကစားပေးရင်း ဒဏ်ရာရခဲ့သလို ဆာလီဘာ ကလည်း လေ့ကျင့်ရေးကွင်းမှာ ဒဏ်ရာရ ရှိခဲ့တာ ဖြစ်ပါတယ်။ ချန်ပီယံလိဂ်နဲ့ ပရီးမီးယားလိဂ်မှာ ထိပ်ဆုံးနေရာမှာရပ်တည်နေပြီး ပုံစံကောင်းရနေတဲ့ အာဆင်နယ်အသင်း အတွက် ခံစစ်ပြဿနာက အားနည်းချက်ဖြစ်လာနိုင်ပါတယ်။ အာဆင်နယ်အသင်းနည်းပြ အာတီတာ ကတော့ ကစားသမားတွေ ဒဏ်ရာရရှိမှုအတွက် ပွဲစဉ်ရေးဆွဲမှုကို ဝေဖန်ထားပြီး ဥရောပပြိုင်ပွဲကစားထားရတဲ့ အသင်းတွေ အတွက် နားရက်ကို ပို၍ပေးသင့်ကြောင်း တောင်းဆိုထားပါတယ်။(NVS 008)