သီရိလင်္ကာနိုင်ငံ ဒီဝါဆိုင်ကလုန်းမုန်တိုင်းဒဏ်ခံစားရသည့် ပြည်သူများသို့ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အကူအညီများ ပေးအပ်လှူဒါန်း
07 Dec
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်တွင် သီရိလင်္ကာနိုင်ငံ၌ တိုက်ခတ်ခဲ့သည့် ဆိုင်ကလုန်းမုန်တိုင်း ဒီဝါကြောင့် ရေကြီးရေလျှံမှုနှင့် မြေပြိုမှုများဖြစ်ပွားခဲ့ရာ ဘေးသင့်ပြည်သူများအတွက် မြန်မာနိုင်ငံတော်အစိုးရနှင့် ပြည်သူများက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်လှူဒါန်းလျက်ရှိကြောင်း သိရပါတယ်။ လှူဒါန်းမှုအဖြစ် ဆေးဝါးနှင့်ဆေးပစ္စည်း ၂၆ မျိုး တန်ချိန် ၆ ဒသမ ၉၃၈ တန်၊ တစ်ကိုယ်ရေသုံးပစ္စည်းများ ဖြစ်သည့် သွားတိုက်ဆေးဘူး ၅၀၀၀၀ နှင့် သွားတိုက်တံအချောင်း ၅၀၀၀၊ တန်ချိန် ၂ ဒသမ ၂၆၂ တန်၊ စုစုပေါင်း တန်ချိန် ၉ ဒသမ ၂ တန်ကို နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြည်လည်နေရာ ချထားရေးဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများလိုက်ပါကာ တပ်မတော်လေယာဉ်ဖြင့် ရန်ကုန်မြို့မှ သီရိလင်္ကာနိုင်ငံသို့ သွားရောက်ပို့ဆောင်လှူဒါန်းခဲ့ပါတယ်။ အဆိုပါလှူဒါန်းမှုများအပြင် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ အမေရိကန် ဒေါ်လာ တစ်သိန်းနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ဆန်တန်ချိန် ၅၀၀ တို့ကိုလည်း ဆက်လက်ပေးပို့ လှူဒါန်းသွားမည်ဖြစ်ပြီး လှူဒါန်းမှုတန်ဖိုးစုစုပေါင်း မြန်မာငွေကျပ် ၁၃၅၈ ဒသမ ၄၄ သန်းဖြစ်ကြောင်း သိရပါတယ်။(NVS 004)