ပါကစ္စတန်နှင့် အာဖဂန်နစ္စတန် နယ်စပ်တစ်လျှောက် ပဋိပက္ခများ ပြန်လည်ဖြစ်ပွား

07 Dec

ပါကစ္စတန်နှင့် အာဖဂန်နစ္စတန် နယ်စပ်တစ်လျှောက်၌ နှစ်နိုင်ငံတပ်များအကြား ဒီဇင်ဘာလ ၅ ရက် ညပိုင်းက ပဋိပက္ခများ ပြင်းထန်စွာဖြစ်ပွားခဲ့ကြောင်း RT သတင်းဌာနက ဖော်ပြထားသည်။ ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း ဆော်ဒီအာရေဗျနိုင်ငံ၌ ကျင်းပခဲ့သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပျက်ပြားခဲ့ရပြီးနောက် ပါကစ္စတန်နှင့် အာဖဂန်နစ္စတန် နယ်စပ်တစ်လျှောက်၌ ပဋိပက္ခများ ပြန်လည်ဖြစ်ပွား ခဲ့ခြင်းဖြစ်သည်။ ဒီဇင်ဘာလ ၅ ရက် နယ်စပ်ပဋိပက္ခများကို ပါကစ္စတန်နှင့် အာဖဂန်နစ္စတန် နှစ်နိုင်ငံလုံးက အတည်ပြုထားကြောင်း သိရသည်။ ပါကစ္စတန်နှင့် အာဖဂန်နစ္စတန် တို့သည် ယခုနှစ် အောက်တိုဘာလအတွင်း နယ်စပ်ပဋိပက္ခများ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး နောက်ပိုင်းတွင် ကာတာနိုင်ငံ၏ ကြားဝင်ညှိနှိုင်းမှုဖြင့် အပစ်အခတ်ရပ်စဲခဲ့သည်။ ပါကစ္စတန်နှင့် အာဖဂန်နစ္စတန် တို့သည် နောက်ပိုင်းကာလများတွင် ကာတာ၊ တူကီယဲ၊ ဆော်ဒီအာရေဗျနိုင်ငံတို့၌ ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ကျင်းပခဲ့သော်လည်း ငြိမ်းချမ်းရေးသဘောတူညီချက် ရယူနိုင်မှုမရှိသေးကြောင်း သိရသည်။ အောက်တိုဘာလအတွင်း ဖြစ်ပွားခဲ့သည့် နယ်စပ်ပဋိပက္ခများ သည် အာဖဂန်နစ္စတန်ကို တာလီဘန်အဖွဲ့ ပြန်လည်ထိန်းချုပ်ခဲ့သည့် ၂၀၂၁ ခုနှစ်နောက်ပိုင်း အပြင်းထန်ဆုံး နှစ်နိုင်ငံနယ်စပ်ပဋိပက္ခများ ဖြစ်ခဲ့ရကြောင်း သိရသည်။

07 Dec

ADVERTISE HERE .