၂၀၂၄-၂၀၂၅ ဘောလုံးရာသီ အီတလီစီးရီးအေ တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုကို တွမ်မီနေး ရရှိ
06 Dec
ပြီးခဲ့တဲ့ ၂၀၂၄-၂၀၂၅ ဘောလုံးရာသီ အီတလီစီးရီးအေပြိုင်ပွဲ တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုကို နာပိုလီအသင်းကွင်းလယ်ကစားသမား တွမ်မီနေး ရရှိခဲ့ကြောင်း သိရပါတယ်။ တွမ်မီနေး ဟာ ၂၀၂၄ ခုနှစ် နွေရာသီ ကစားသမားအပြောင်းအရွှေ့မှာ မန်ယူအသင်းမှ နာပိုလီအသင်းသို့ ပြောင်းရွှေ့ခဲ့ပြီး နာပိုလီအသင်းနဲ့အတူ အကောင်းဆုံးခြေစွမ်းပြသကာ ပထမဆုံးဘောလုံးရာသီမှာပဲ အီတလီ စီးရီးအေပြိုင်ပွဲ၌ တစ်နှစ်တာအကောင်းဆုံးဆုကို ရရှိခဲ့ခြင်းဖြစ်ပါတယ်။ တွမ်မီနေး အနေနဲ့ မန်ယူအသင်းမှာ ခြေစွမ်းပြသရန် ရုန်းကန်ခဲ့ရသော်လည်း နာပိုလီအသင်းနှင့်အတူ စီးရီးအေတွင် ခြေစွမ်းပြကာ ပြိုင်ပွဲစုံ ၃၆ ပွဲတွင် ၁၃ ဂိုးသွင်းယူပြီး ဂိုးဖန်တီးမှု လေးကြိမ်ပြုလုပ်နိုင်ခဲ့လို့ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့တာဖြစ်ပါတယ်။ မန်ယူအသင်းကလည်း တွမ်မီနေး ကို ပြန်လည်ခေါ်ယူရန် သတင်းများထွက်ပေါ်နေကြောင်း သိရပါတယ်။(NVS 008)