မန်ယူအသင်းက ဂျော်အိုဂိုးမက်စ် ကို ခေါ်ယူရန်ကြိုးပမ်း

06 Dec

မန်ယူအသင်းက ဝုလ်ဗ်အသင်း ကွင်းလယ်ကစားသမား ဂျော်အိုဂိုးမက်စ် ကို ဇန်နဝါရီဈေးကွက်တွင် ခေါ်ယူရန် ကြိုးပမ်းနေကြောင်း သိရပါတယ်။ အသက် ၂၄ နှစ်အရွယ် ဂျော်အိုဂိုးမက်စ် ဟာ ၂၀၂၃ ဇန်နဝါရီတွင် ဖလာမင်ဂိုအသင်းမှ ဝုလ်ဗ်အသင်းသို့ ယူရို ၁၈ ဒသမ ၇ သန်းဖြင့် ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး လက်ရှိစာချုပ်မှာ ၂၀၃၀ ပြည့်နှစ်အထိဖြစ်ကာ တစ်နှစ်သက်တမ်း ထပ်တိုးနိုင်မည့် သဘောတူညီမှုလည်း ပါဝင်နေပါတယ်။ ဂျော်အိုဂိုးမက်စ် ဟာ ဝုလ်ဗ်အသင်းရဲ့ အမာခံကစားသမားတစ်ဦးအဖြစ် ခြေစွမ်းပြနေခြင်းကြောင့် မန်ယူအသင်းက ခေါ်ယူရန် ကြိုးပမ်းနေခြင်းဖြစ်ပြီး အသင်းနှစ်သင်းကြား ဆွေးနွေးမှုများ စတင်နေကြောင်းနဲ့ ကစားသမားကိုယ်တိုင်ကလည်း မန်ယူအသင်းသို့ ပြောင်းရွှေ့ကစားရန် ဆန္ဒရှိနေကြောင်း သတင်းများ ထွက်ပေါ်နေခဲ့ပါတယ်။ ဝုလ်ဗ်အသင်းက ဇန်နဝါရီဈေးကွက်တွင် အမာခံကစားသမားများကို ရောင်းထုတ်လိုခြင်း မရှိသော်လည်း ဂျော်အိုဂိုးမက်စ် ကို ယူရိုသန်း ၅၀ ရရှိပါက ရောင်းထုတ်ဖွယ်ရှိကြောင်း သိရပါတယ်။(NVS 008)

06 Dec

ADVERTISE HERE .