ဘာစီလိုနာအသင်းက ခံစစ်ကစားသမား ဂါစီယာ ကို သက်တမ်းတိုးစာချုပ်ချုပ်ဆို
06 Dec
ဘာစီလိုနာအသင်း ခံစစ်ကစားသမား ဂါစီယာ အနေနဲ့ အသင်းနှင့် ၂၀၃၀ ပြည့်နှစ်ထိ သက်တမ်းတိုးစာချုပ် ချုပ်ဆိုရန် သဘောတူညီမှုရခဲ့ပြီး လာမည့် ရက်သတ္တပတ်အတွင်း အပြီးသတ်စာချုပ် ချုပ်ဆိုသွားမည်ဖြစ်ကြောင်း သိရပါတယ်။ ဘာစီလိုနာအသင်းက ဂါစီယာ ကိုရောင်းချရန် အရောင်းစာရင်းတင်ခဲ့သော်လည်း နည်းပြ ဖလစ် ရောက်ရှိ ချိန်တွင် ကစားသမားအနေနဲ့ နည်းစနစ်ပိုင်းလိုအပ်ချက်အရ ဗဟိုခံစစ်၊ တောင်ပံခံစစ်ပိုင်းနဲ့ ကွင်းလယ်ပိုင်းတို့တွင် ခြေစွမ်းပြကစားနိုင်ခဲ့တာကြောင့် အသင်းတာဝန်ရှိသူများက ကစားသမားကို ဆက်လက်ထိန်းသိမ်းရန် ကာလရှည် သက်တမ်းတိုးခဲ့ခြင်း ဖြစ်ပါတယ်။ ဂါစီယာ ဟာ ၂၀၁၈ ခုနှစ်က မန်စီးတီးအသင်းနှင့် ကစားသမားဘဝ စတင်ခဲ့ပြီး ၂၀၂၁ ခုနှစ်တွင် ဘာစီလိုနာ အသင်းသို့ ပြောင်းရွှေ့ခဲ့ရာ ပြိုင်ပွဲစုံ ၁၃၅ ပွဲတွင် သွင်းဂိုး ခုနစ်ဂိုးထိ သွင်းယူထားပြီး ဂိုးဖန်တီးမှုခြောက်ကြိမ် ပြုလုပ် ထားနိုင်ခဲ့ပါတယ်။(NVS 008)