ရီးရဲလ်မက်ဒရစ်အသင်းက ဂူဟီ ကိုခေါ်ယူရန် အေးဂျင့်ဖြစ်သူနှင့် တရားဝင်ဆွေးနွေးနေ

06 Dec

ရီးရဲလ်မက်ဒရစ်အသင်းက လီဗာပူးလ်မှအသင်းခေါ်ယူရန် ပစ်မှတ်ထားနေသည့် ပဲလေ့စ်အသင်းမှ ခံစစ် ကစားသမား ဂူဟီ ကိုခေါ်ယူရန် အေးဂျင့်ဖြစ်သူနှင့် တရားဝင်ဆွေးနွေးမှုများ လုပ်ဆောင်နေကြောင်း Fotmob သတင်းဝက်ဘ်ဆိုက်က ဖော်ပြခဲ့ပါတယ်။ အသက် ၂၅ နှစ်အရွယ် ဂူဟီ က ပြီးခဲ့တဲ့ဘောလုံးရာသီမှာ ပဲလေ့စ်အသင်းနှင့်အတူ အကောင်းဆုံး ခြေစွမ်း ပြသနိုင်ခဲ့လို့ ထိပ်တန်းအသင်းကြီးများက ခေါ်ယူလိုနေပြီး လီဗာပူးလ်အသင်းက ပြီးခဲ့တဲ့နွေရာသီ ကစားသမား အပြောင်းအရွှေ့မှာ ခေါ်ယူရန် ကြိုးပမ်းခဲ့ပါတယ်။ ပဲလေ့စ်အသင်းနှင့် ဂူဟီ တို့ ယခုနှစ်စာချုပ်သက်တမ်းမှာ ဘောလုံးရာသီအကုန်တွင် ကုန်ဆုံးမှာဖြစ်ပြီး ဂူဟီ ကိုယ်တိုင်က ရာသီအကုန်တွင် အလွတ်ပြောင်းရွှေ့ကြေးဖြင့် အသင်းမှထွက်ခွာရန် ဆုံးဖြတ်ထားသောကြောင့် လီဗာပူးလ်အသင်းက ခေါ်ယူရန်ကြိုးပမ်းနေသော်လည်း ယခုအခါ ရီးရဲလ်အသင်းက လက်ဦးမှုရယူနိုင်ရန် တရားဝင် ဆွေးနွေးမှုများ လုပ်ဆောင်နေခြင်းဖြစ်ပါတယ်။ ရီးရဲလ်အသင်းက အစောပိုင်းမှာ လာမည့်နွေရာသီ ကစားသမားအပြောင်းအရွှေ့ကာလတွင် လီဗာပူးလ် အသင်းမှ ကိုနာတေး ကို အလွတ်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူရန် ကြိုးပမ်းခဲ့သော်လည်း ကိုနာတေး ရဲ့ ခြေစွမ်းပိုင်း ကျဆင်းနေမှုကြောင့် ခေါ်ယူမည့်အစီအစဉ်ကို ဖျက်သိမ်းပြီး ဂူဟီ ကိုခေါ်ယူရန် ကြိုးပမ်းနေခြင်းဖြစ်ပါတယ်။(NVS 008)

06 Dec

ADVERTISE HERE .