မကွေးမြို့တွင် ရွေးကောက်ပွဲလှုံဆော်မှုများပြုလုပ်

06 Dec

မကွေးတိုင်း၊ မကွေးမြို့တွင် မကွေးတိုင်းအစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့် လာမည့် ဒီဇင်ဘာလ ၂၈ ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးနိုင်ရေးအတွက် LED ဘုတ်များဖြင့် ရွေးကောက်ပွဲလှုံ့ဆော်မှု(Campimg)များပြုလုပ်လျက်ရှိကြောင်း သိရပါတယ်။ မကွေးမြို့ရှိ လူစည်ကားရာနေရာများဖြစ်တဲ့ ကန်သာမင်္ဂလာကန်တော်နှင့် Night Market တို့တွင် ‌LED ဘုတ်များဖြင့် ရွေးကောက်ပွဲလှုံ့ဆော်ရေးတေးသီချင်းများ၊ ရုပ်ရှင်အနုပညာရှင်များ၏ ရွေးကောက်ပွဲကို အသိပညာပေးခြင်းဆိုင်ရာနှိုးဆော်မှု ဇာတ်လမ်းတိုများဖွင့်လှစ်၍ ဆန္ဒမဲပေးနိုင်ရေးအတွက် အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးလျက်ရှိပါတယ်။ ဒီဇင်ဘာလ ၁ ရက်မှစတင်၍ မကွေးတိုင်းအတွင်းရှိ မြို့နယ်များအလိုက် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှဝန်ထမ်းများ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ ဝန်ထမ်းများနှင့် ဌာနဆိုင်ရာများပူးပေါင်း၍ လူစည်ကားရာနေရာများတွင် “ဒို့အတူတူ မဲပေးကြမယ်”၊ “ရွေးကောက်ပွဲမှသည် ပိုမိုကောင်းမွန်သော အနာဂတ်ဆီသို့” Billboard များ စိုက်ထူခြင်း၊ လူစည်ကားရာနေရာများဖြစ်သည့် Shopping Mall များ၊ မြို့မဈေး၊ ကုန်စုံဆိုင်၊ စတိုးဆိုင်များ၊ လက်ဘက်ရည်ဆိုင်နှင့် စားသောက်ဆိုင်များ၊ ကားဂိတ်များတွင် ဗီနိုင်းပိုစတာများချိတ်ဆွဲခြင်း၊ ရွေးကောက်ပွဲတွင် ပြည်သူများပိုမိုပါဝင်နိုင်ရေးအတွက် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများကိုလည်း ပြုလုပ်လျက်ရှိကြောင်း သိရပါတယ်။(NVS 004)

06 Dec

ADVERTISE HERE .