ကုန်ဈေးနှုန်းသတင်း (၅.၁၂.၂၀၂၅)
05 Dec
ဒီဇင်ဘာလ ၅ ရက်အတွက် ရန်ကုန်ဘုရင့်နောင် ကုန်စည်ဒိုင်တွေကနေရရှိတဲ့ ကုန်ဈေးနှုန်းတွေအရ မတ်ပဲနဲ့ ပဲစင်းငုံနီ၊ ပဲလွန်ဖြူး တို့ဈေးနှုန်းတွေဟာ ဆက်တိုက်ကျဆင်းနေပြီး ထောပတ်ပဲ၊ ဘိုကိတ်ပဲ၊ ကြက်သွန်နီ ဈေးတွေလည်း တည်ငြိမ်လျက် ရှိပါတယ်။ ငရုတ်သီးများဈေးနှုန်းနှင့် မန်ကျည်းဈေးနှုန်းများ ပြန်လည်မြင့်တက်လာ ပါတယ်။ မတ်ပဲ(Raw) တစ်ပိဿာကို ၄,၄၆၁ ကျပ်၊ ပဲစင်းငုံနီ တစ်ပိဿာကို ၄၁၄၈ ကျပ်၊ ပဲတီစိမ်း တစ်ပိဿာကို ၅,၆၆၅ ကျပ်ကနေ ၅,၆၈၅ ကျပ်၊ ပဲလွန်းဖြူ တစ်ပိဿာကို ၄,၁၆၅ ကျပ်ကနေ ၄,၂၅၀ ကျပ်၊ ပဲလွန်းနီ တစ်ပိဿာကို ၄၀၀၀ ကျပ်ကနေ ၄,၁၇၀ ကျပ်၊ ပဲကြီး တစ်ပိဿာကို ၈,၈၄၅ ကျပ်ကနေ ၁၀,၆၂၀ ကျပ်၊ ထောပတ်ပဲ တစ်ပိဿာကို ၃,၁၅၅ ကျပ်၊ ဘိုကိတ်ပဲ တစ်ပိဿာကို ၃,၃၃၀ ကျပ်ကနေ ၃,၅၈၅ ကျပ်၊ စားတော်ပဲလုံး တစ်ပိဿာကို ၁၄,၁၆၅ ကျပ်ကနေ ၁၅,၀၀၀ ကျပ်၊ ပြောင်းဆန် တစ်ပိဿာကို ၁,၄၄၀ ကျပ်ကနေ ၁,၄၆၀ ကျပ်၊ ကုလားပဲခြမ်း တစ်ပိဿာကို ၅,၅၀၀ ကျပ်ကနေ ၆,၁၀၀ ကျပ်၊ ကြက်သွန်နီဆိပ်ဖြူ တစ်ပိဿာ ၁,၈၀၀ ကျပ်၊ ကြက်သွန်ဖြူကြူကုတ် တစ်ပိဿာ ၁၈,၀၀၀ ငရုတ်သီး(တစ်ပိဿာ)ဈေးနှုန်းများမှာ ပန်းရဲငရုတ်(သစ်)AC ကျပ် ၈,၅၀၀ ကနေ ၉,၅၀၀၊ မြားနီကျပ် ၁၀,၀၀၀ မှ ၉,၅၀၀၊ ပျော်ဘွယ်မိုးထောင် ကျပ် ၁၄,၀၀၀၊ ဆင်ဖြူကျွန်း(ပု)ကျပ် ၃၁,၀၀၀ မှ ၃၂,၀၀၀ နှင့် မြစ်ဝ(ပု) ကျပ် ၃၀,၀၀၀၊ အာလူး ကျပ် ၃,၃၀၀ မှ ၅,၅၀၀ အထိ ဈေးအသီးသီး ရှိနေပါတယ်။ ယခုဈေးနှုန်းများဟာ အချိန်နဲ့ တစ်ပြေးညီ ပြောင်းလဲနိုင်ပါတယ်။ နိုင်ငံခြားငွေလဲလှယ်နှုန်းတွေကတော့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ထုတ်ပြန်ချက်အရ အမေရိကန် တစ်ဒေါ်လာကို မြန်မာငွေ ၂,၁၀၀ ကျပ်နဲ့ စင်ကာပူတစ်ဒေါ်လာကို မြန်မာငွေ ၁,၆၁၂ ကျပ် ဖြစ်ပါတယ်။ ပြင်ပပေါက် ဈေးအရ အမေရိကန်တစ်ဒေါ်လာကို မြန်မာငွေ ၄,၀၂၀ ကျပ်နဲ့ စင်ကာပူတစ်ဒေါ်လာကို မြန်မာငွေ ၃,၁၀၅ ကျပ် ဖြစ်နေပါတယ်။ စက်သုံးဆီဈေးနှုန်းတွေကတော့ ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန (PPRD)၏ နေ့စဉ်ထုတ်ပြန် ချက်အရ - -Octane 92 တစ်လီတာကို ရန်ကုန်မှာ ၂,၅၂၅ ကျပ်၊ မန္တလေးမှာ ၂,၆၄၀ ကျပ်၊ နေပြည်တော်မှာ ၂,၆၀၅ ကျပ်။ -Octane 95 တစ်လီတာကို ရန်ကုန်မှာ ၂,၆၁၀ ကျပ်၊ မန္တလေးမှာ ၂,၇၂၅ ကျပ်၊ နေပြည်တော်မှာ ၂,၆၉၀ ကျပ်။ -ဒီဇယ် တစ်လီတာကို ရန်ကုန်မှာ ၂,၃၃၀ ကျပ်၊ မန္တလေးမှာ ၂,၄၄၅ ကျပ်၊ နေပြည်တော်မှာ ၂,၄၁၀ ကျပ်။ -Premium ဒီဇယ် တစ်လီတာကို ရန်ကုန်မှာ ၃,၈၀၅ ကျပ်၊ မန္တလေးမှာ ၂,၉၂၀ ကျပ်၊ နေပြည်တော်မှာ ၂,၈၈၅ ကျပ် ရှိနေပါတယ်။ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းလုပ်ငန်းရှင်များအသင်း (YGEA) ၏ ယနေ့ထုတ်ပြန်ချက်အရ အကယ်ဒမီ မီးလင်းရွှေဈေးနှုန်းကတော့ ကျပ်သိန်း (၅,၉၉၀,၀၀၀/-) ငါးဆယ် ကိုးသိန်း ကိုးသောင်း ကျပ် ရှိပြီး ပြင်ပပေါက်ဈေးမှာ ကျပ်သိန်း (၈,၈၂၀,၀၀၀ိ/-) ရှစ်ဆယ် ရှစ်သိန်း နှစ်သောင်း ကျပ် ရှိနေတယ်လို့ သိရပါတယ်။