“နိုဝင်ဘာလပရီးမီးယားလိဂ်အကောင်းဆုံးဆုအတွက် ဆန်ခါတင်စာရင်းတွေ ထုတ်ပြန်”

05 Dec

ပရီးမီးယားလိဂ်အဖွဲ့ချုပ်က နိုဝင်ဘာလအကောင်းဆုံးဆုအတွက် ဆန်ခါတင်စာရင်းတွေကို ထုတ်ပြန်ခဲ့ ပါတယ်။ အကောင်းဆုံးကစားသမားဆုအတွက် ဆန်ခါတင်စာရင်းမှာ ၈ ဦးပါဝင်ခဲ့ပြီး ဟာဗေးဘန်းစ်(နယူးကာဆယ်)၊ ဒူးစ်ဘူရီဟောလ်(အဲဗာတန်)၊ ဒိုကူ(မန်စီးတီး)၊ ဘရူနိုဖာနန်ဒက်စ်(မန်ယူ)၊ ဂစ်ဘ်စ်ဝှိုက်(နော်တင်ဟမ်)၊ ရီးစ်ဂျိမ်းစ် (ချဲလ်ဆီး)၊ ဒက်ကလန်ရိုက်စ်(အာဆင်နယ်)နဲ့ သီယာဂို(ဘရန့်ဖို့ဒ်)တို့ဖြစ်ပါတယ်။ အကောင်းဆုံးနည်းပြဆုအတွက် ဆန်ခါတင် ၆ ဦးစာရင်းမှာတော့ အာတေတာ(အာဆင်နယ်)၊ အူနိုင်းအမ်မရီ (အက်စတွန်ဗီလာ)၊ ဂွါဒီယိုလာ(မန်စီးတီး)၊ ဟူဇလာ(ဘရိုက်တန်)၊ မာရက်စကာ(ချဲလ်ဆီး)နဲ့ မာကိုဆေးလ်ဗား (ဖူလ်ဟမ်)တို့ ပါဝင်ခဲ့ပါတယ်။ အကောင်းဆုံးသွင်းဂိုးဆုအတွက် ဆန်ခါတင် ၈ ဦးစာရင်းမှာတော့ အာမက်၊ အန်ဒီယေး၊ ဒိုကူ၊ ပီနို၊ ရစ်ချာလီဆန်၊ တိုင်လာအဒမ်စ်၊ ဒူးစ်ဘူရီဟောလ်နဲ့ ဟယ်ရီဝီလ်ဆန်တို့ ပါဝင်ခဲ့ပါတယ်။ အကောင်းဆုံးကာကွယ်မှုဆု အတွက် ဆန်ခါတင် ၆ ဦးစာရင်းမှာ ဗစ်ကာရီယို၊ မာမာဒက်ရှ်ဗီလီ၊ မာတီနက်ဇ်၊ အာရီအိုလာ၊ ပစ်ဖို့ဒ်တို့ ပါဝင်ခဲ့ပြီး အက်စတွန်ဗီလာဂိုးသမား မာတီနက်ဇ်က ဆန်ခါတင်စာရင်းမှာ ကာကွယ်မှုနှစ်ကြိမ် ပါဝင်နေခြင်း ဖြစ်ပါတယ်။ ပရိသတ်တွေအနေနဲ့ ဒီဆုတွေအတွက် အွန်လိုင်းကတစ်ဆင့် မဲပေးမှုကို ဒီဇင်ဘာလ ၈ ရက်အထိ ပြုလုပ်သွားနိုင်မှာ ဖြစ်ကြောင်း သိရပါတယ်။ (NVS 008)

05 Dec

ADVERTISE HERE .