“မြန်မာအသင်းများရဲ့ ဆီးဂိမ်းစ်အုပ်စုအဖွင့်ပွဲစဉ်တွေ ယနေ့စတင်ယှဉ်ပြိုင်ကစားကြမည်”
05 Dec
ထိုင်းနိုင်ငံမှာ ကျင်းပနေတဲ့ (၃၃)ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲမှာ မြန်မာအမျိုးသား၊ အမျိုးသမီးဘောလုံး အသင်းတွေရဲ့ အုပ်စုအဖွင့်ပွဲတွေကို ဒီဇင်ဘာလ ၅ ရက် ယနေ့မှာ ယှဉ်ပြိုင်ကစားရကြမှာ ဖြစ်ပါတယ်။ အမျိုးသားဘောလုံးအသင်းက မြန်မာစံတော်ချိန် ညနေ ၅း၃၀ နာရီမှာ ဖိလစ်ပိုင်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်သလို၊ အမျိုးသမီးဘောလုံးအသင်းကလည်း မြန်မာစံတော်ချိန် ညနေ ၃း၃၀ နာရီမှာ ဖိလစ်ပိုင်အမျိုးသမီး အသင်းနဲ့ပဲ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ အမျိုးသားဘောလုံးပြိုင်ပွဲမှာ မြန်မာအသင်းဟာ အုပ်စု(C)မှာ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်တို့နဲ့အတူ ကျရောက်နေပါတယ်။ အမျိုးသမီးဘောလုံးပြိုင်ပွဲမှာတော့ လက်ရွေးစင်အဆင့်အဖြစ် အသက်ကန့်သတ်မထားဘဲ ယှဉ်ပြိုင်ရတာဖြစ်ပြီး မြန်မာအသင်းဟာ အုပ်စု(B)မှာ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ မလေးရှားတို့နဲ့အတူ ကျရောက် နေပါတယ်။ (NVS 008)
05 Dec