“မဲဆန္ဒရှင်စာရင်း ပြည့်စုံမှန်ကန်စေရေးအတွက် တစ်အိမ်တက်ဆင်း မဲစာရင်းတိုက်ဆိုင်စစ်ဆေး”

05 Dec

ကယားပြည်နယ်အတွင်း လာမယ့်ဒီဇင်ဘာလ ၂၈ ရက်မှစတင်၍ အပိုင်းလိုက်ကျင်းပမည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲမှာ ဆန္ဒမဲပေးမည့်သူများရဲ့ မဲဆန္ဒရှင်စာရင်းပြည့်စုံမှန်ကန်စေရေးအတွက် တစ်အိမ် တက်ဆင်း မဲစာရင်းတိုက်ဆိုင်စစ်ဆေးခြင်းများကို ပူးပေါင်းအဖွဲ့ဝင်များက ဆောင်ရွက်လျက်ရှိပါတယ်။ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်နယ်ဦးစီးမှူး ရုံးနှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအသီးသီးမှဝန်ထမ်းများပူးပေါင်း၍ တစ်အိမ်တက်ဆင်း မဲစာရင်းတိုက်ဆိုင်စစ်ဆေးလျက်ရှိတယ်လို့ သိရပါတယ်။ အခုလိုပြုလုပ်နေခြင်းကို ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် မှ ဒီဇင်ဘာလ ၃ ရက်နံနက်ပိုင်းက လွိုင်ကော်မြို့ပေါ်ရပ်ကွက်များမှာ တစ်အိမ်တက်ဆင်း မဲစာရင်းတိုက်ဆိုင်စစ်ဆေးနေခြင်းကို ကြည့်ရှုစစ်ဆေးခဲ့ တယ်လို့ သိရပါတယ်။ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများအားလုံး မဲပေးပိုင်ခွင့်ဆုံးရှုံးမှုမရှိစေရေး၊ မဲစာရင်းတွင် မပါဝင်သင့် သူများ ပါဝင်ခြင်း မရှိစေရေးနှင့် မဲစာရင်းများပြည့်စုံမှန်ကန်စေရေး အထူးအလေးထားဆောင်ရွက်ရန် မဲစာရင်းများ ပြည့်စုံမှန်ကန်စွာ စစ်ဆေးခြင်းလုပ်ငန်းများပြီးစီးအောင် တာဝန်ရှိသူအားလုံးက စနစ်တကျဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ရန် မှာကြားခဲ့ကြောင်းသိရပါတယ်။ ကယားပြည်နယ်အတွင်း မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန် စေရေးအတွက် တစ်အိမ်တက်ဆင်း မဲစာရင်း တိုက်ဆိုင်စစ်ဆေးခြင်းကို ဌာနဆိုင်ရာဝန်ထမ်းများက အစုအဖွဲ့ ၅၆ ဖွဲ့နဲ့ ကောက်ယူတိုက်ဆိုင်စစ်ဆေးခဲ့ရာ ၅၂ ရာခိုင်နှုန်းကျော် ကောက်ယူတိုက်ဆိုင်စစ်ဆေးပြီးဖြစ်ပါတယ်။ (NVS 004)

05 Dec

ADVERTISE HERE .