“စားအုန်းဆီရည်ညွှန်းဈေး နှစ်လအတွင်း ကျပ် ၄၀၀ ကျော်ကျဆင်း”
05 Dec
စားအုန်းဆီအခြေခံလက်ကားရည်ညွှန်းဈေးဟာ အောက်တိုဘာလမှာ တစ်ပိဿာကို ၆,၅၈၅ ကျပ် သတ်မှတ်ခဲ့ရာမှ လက်ရှိကာလ ဒီဇင်ဘာလဒုတိယအပတ်မှာ ကျပ် ၆,၁၄၀ ဈေးနှုန်းဆက်တိုက်ကျဆင်းလာပြီး နှစ်လအတွင်း တစ်ပိဿာလျှင် ရည်ညွှန်းဈေးကျပ် ၄၄၅ ကျပ်အထိ ကျဆင်းလာခြင်းဖြစ်ပါတယ်။ ယခုအပတ် ဒီဇင်ဘာလ ၅ ရက်မှ ၁၁ ရက်အထိ ရန်ကုန်အထိုင်ဈေး စားအုန်းဆီအခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းမှာ တစ်ပိဿာလျှင် ကျပ် ၆,၁၄၀ ဖြစ်ကြောင်း စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက အသိပေးထုတ်ပြန်ထားပါတယ်။ စားအုန်းဆီများကို ဈေးကွက်အတွင်း ထုတ်ပြန်ကြေညာထားတဲ့ စျေးနှုန်းထက် ဈေးနှုန်းမြှင့်တင် ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းအပါအဝင် မသမာတဲ့လုပ်ဆောင်မှုများပြုလုပ်ပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း စားသုံးသူရေးရာ ဦးစီးဌာနမှ အသိပေးထားပါတယ်။ (NVS 004)