“ပြည်သူများပါဝင်မဲပေးနိုင်ရေးအတွက် ဒို့အတူတူ မဲပေးကြမယ့် အစီအစဉ်များ စတင်ဆောင်ရွက်”
05 Dec
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် စီစဉ် ဆောင်ရွက်လျက်ရှိရာ ရွေးကောက်ပွဲမှာ ပြည်သူများပိုမိုပါဝင်မဲပေးနိုင်ရေး “ဒို့အတူတူမဲပေးကြမယ်” ရွေးကောက်ပွဲ လှုံ့ဆော်မှုများကို ရန်ကုန်တိုင်းဒေသကြီးမှာ ဒီဇင်ဘာလ ၄ ရက်ကစတင်၍ ဆောင်ရွက်ခဲ့ကြောင်း သိရပါတယ်။ အခုလို မဲပေးနိုင်ရေးလှုံ့ဆော်မှုကို ရန်ကုန်မြို့၊ ဒဂုံမြို့နယ်ရှိ ပြည်သူ့ရင်ပြင်ပန်းခြံရှေ့၊ ကျောက်တံတား မြို့နယ်ရှိ ရန်ကုန်မြို့တော်ခန်းမရှေ့၊ အလုံမြို့နယ်ရှိ သခင်မြပန်းခြံရှေ့နှင့် မြောက်ဥက္ကလာပမြို့နယ်ရှိ အောင်မင်္ဂလာ အဝေးပြေးယာဥ်ရပ်နားစခန်း စသည် လူစည်ကားရာနေရာများတွင် “ဒို့အတူတူ မဲပေးကြမယ်” လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများ ပြုလုပ်ခဲ့ခြင်း ဖြစ်ပါတယ်။ ဒါ့အပြင် ရန်ကုန်မြို့ရှိ YBS ကားများမှာ အသိပညာပေး စတေကာကပ်ခြင်းများဆောင်ရွက်၍ ပြည်သူများ မဲရုံများသို့ သွားရောက်မဲပေးနိုင်ရေး လှုံ့ဆော်မှုများဆောင်ရွက်ခဲ့ကြကာ ဒီဇင်ဘာလ ၄ ရက်မှ ၆ ရက်အထိ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှာ အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။ (NVS 004)