MH370 လေယာဥ်ရှာဖွေမှု ဒီဇင်ဘာလတွင် ပြန်လည်စတင်မည်ဟု မလေးရှားနိုင်ငံကဆို

04 Dec

မလေးရှားလေကြောင်းလိုင်းခရီးစဥ် MH370 လေယာဥ်ကို ရှာဖွေမှုများ ဒီဇင်ဘာလ ၃၀ ရက်တွင် ပြန်လည် စတင်မည်ဖြစ်ကြောင်း သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနက ဒီဇင်ဘာလ ၃ ရက်တွင် ပြောကြားခဲ့သည်။ သမုဒ္ဒရာစူးစမ်းရှာဖွေရေးကုမ္ပဏီ Ocean Infinity က ရက်ပေါင်း ၅၅ ရက်ကြာ ပင်လယ်ကြမ်းပြင်ရှာဖွေရေး လုပ်ဆောင်မှုများ ပြန်လည်စတင်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ဝန်ကြီးဌာနက ပြောကြားခဲ့သည်။ “ရှာဖွေမှုကို မလေးရှားအစိုးရနှင့် Ocean Infinity တို့ ၂၀၂၅ ခုနှစ် မတ်လ ၂၅ ရက်တွင် အစပြုခဲ့သည့် ဝန်ဆောင်မှုလုပ်ဆောင်ခွင့်စာချုပ်အရ လေယာဥ်တည်ရှိနိုင်သည့် အဖြစ်နိုင်ဆုံးဟုသတ်မှတ်ထားသော ပစ်မှတ်ထား ဧရိယာများတွင်လုပ်ဆောင်မည်” ဟု ဝန်ကြီးဌာနက ကြေညာချက်တွင် ပြောကြားခဲ့ပြီး မလေးရှားအစိုးရအနေဖြင့် ထိခိုက်ခဲ့ရသည့် မိသားစုများအတွက် အဆုံးသတ်အခြေအနေ ဖော်ပြပေးနိုင်ရေးကို ဆက်လက်ထိန်းသိမ်းထားရှိ ပါကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။ MH370 လေယာဥ်ပျောက်ဆုံးမှုသည် ၂၀၁၄ ခုနှစ် မတ်လ ၈ ရက်တွင် ဖြစ်ပွားခဲ့သည့် ကြေကွဲဖွယ်ရာ မတော်တဆမှုတစ်ခုအဖြစ် အဆိုပါလေယာဥ်မှာ မလေးရှားနိုင်ငံကွာလာလမ်ပူမှ တရုတ်နိုင်ငံပေကျင်းသို့ ပျံသန်း လာရာတွင် လေယာဥ်ပေါ်လိုက်ပါလာသူ ၂၃၉ ဦးနှင့်အတူ ရေဒါဖန်သားပြင်များပေါ်မှ ပျောက်ကွယ်သွားခဲ့ခြင်း ဖြစ်သည်။ (Repost from Xinhua Myanmar)

04 Dec

ADVERTISE HERE .