ကမ္ဘောဒီးယားနိုင်ငံက လာမည့်နှစ်တွင် တရုတ်နိုင်ငံသားများအပေါ် ဗီဇာကင်းလွတ်ခွင့်မူဝါဒ စမ်းသပ်ကျင့်သုံးမည်
04 Dec
၂၀၂၆ ခုနှစ် ဇွန်လ ၁၅ ရက်မှ အောက်တိုဘာလ ၁၅ ရက် ကာလအတွင်း တရုတ်နိုင်ငံသားများအပေါ် ဗီဇာကင်းလွတ်ခွင့်မူဝါဒ စမ်းသပ်ကျင့်သုံးမည်ဖြစ်ကြောင်း ကမ္ဘောဒီးယားနိုင်ငံအစိုးရက ဒီဇင်ဘာလ ၂ ရက်တွင် ထုတ်ပြန်ဖော်ပြထားသည်။ ကမ္ဘောဒီးယားနိုင်ငံအစိုးရသည် တရုတ်နိုင်ငံမှ ကမ္ဘောဒီးယားနိုင်ငံသို့ သွားရောက်သည့် တရုတ်နိုင်ငံသား များအပေါ် ဗီဇာကင်းလွတ်ခွင့်မူဝါဒ စမ်းသပ်ကျင့်သုံးရန် သဘောတူညီပြီး ၁၄ ရက်ကြာ နေထိုင်နိုင်မည်ဖြစ်ကြောင်း၊ စမ်းသပ်ကျင့်သုံးသည့် ၄ လကြာ ကာလအတွင်း တရုတ်နိုင်ငံသားများအနေဖြင့် ဗီဇာလျှောက်ထားရန် မလိုအပ်သလို မည်သည့်ကုန်ကျစရိတ်မျှလည်း ပေးချေရန်မလိုကြောင်း၊ အီလက်ထရောနစ် ပြည်ဝင်ခွင့်ကတ် ဖြည့်စွက်ရုံဖြင့် ပြည်ဝင်နိုင်ပြီး ကမ္ဘောဒီးယားနိုင်ငံသို့ အကြိမ်များစွာ ပြည်ဝင်နိုင်ကြောင်း အဆိုပါစာရွက်စာတမ်း၌ ဖော်ပြထားသည်။ ယခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလအတွင်း ကမ္ဘောဒီးယားနိုင်ငံသည် တရုတ်ခရီးသွားဧည့်သည်ပေါင်း အကြိမ်ရေ ၁ သန်းခန့်အား ဆွဲဆောင်နိုင်ခဲ့သည်ဟု ကမ္ဘောဒီးယားနိုင်ငံ ခရီးသွားလာရေးဝန်ကြီးဌာန၏ အချက် အလက်များအရ သိရသည်။ (Repost from Xinhua Myanmar)