တရုတ်နိုင်ငံထုတ် Hongqi ဆီဒင်ကား ဇန်နဝါရီလမှ နိုဝင်ဘာလအထိ ၉ ဒသမ ၂ ရာခိုင်နှုန်း ရောင်းအား မြင့်တက်
04 Dec
တရုတ်နိုင်ငံ၏ ထိပ်တန်းကားကုမ္ပဏီ FAW ဂရု(ပ်)က ၂၀၂၅ ခုနှစ် ပထမ ၁၁ လအတွင်း အထင်ကရ Hongqi အမှတ်တံဆိပ် ကားအစီးရေ ၄၂၀,၀၀၀ ကို ရောင်းချခဲ့ရပြီး ယမန်နှစ်ကာလတူကထက် ၉ ဒသမ ၂ ရာခိုင်နှုန်း တိုးတက် လာကြောင်း ဒီဇင်ဘာလ ၂ ရက်က ပြောခဲ့သည်။ နိုဝင်ဘာလ တစ်လတည်းတွင် အဆိုပါအမှတ်တံဆိပ် ကားရောင်းချရမှုအနေဖြင့် အစီးရေ ၄၀,၀၀၀ ကျော် ရှိခဲ့ပြီး တည်ငြိမ်သည့်တိုးတက်မှုကို ထိန်းသိမ်းထားနိုင်ကြောင်း သိရသည်။ ၎င်း၏ စွမ်းအင်သစ်မော်တော်ယာဥ်များ (NEVs) ရောင်းချမှုသည်လည်း ယခင်နှစ် အလားတူကာလနှင့်နှိုင်းယှဥ်ပါက ၆၀ ဒသမ ၈ ရာခိုင်နှုန်းအထိ မြင့်တက် လာခဲ့သည်။ ထိပ်တန်းအဆင့်မြင့်ဇိမ်ခံကား အမျိုးအစားခွဲဖြစ်သည့် Hongqi Golden Sunflower ကလည်း တစ်လတာအတွင်း အစီးရေ ၁၀၀ ကျော်အထိ ရောင်းချနိုင်ခဲ့သည်။ တရုတ်နိုင်ငံ၏ ပထမငါးနှစ်စီမံကိန်း(၁၉၅၃-၁၉၅၇)၏ ဂုဏ်ယူဖွယ်ရာအောင်မြင်မှုတစ်ခုအဖြစ် တရုတ် ဘာသာစကားဖြင့် အနီရောင်အလံဟု အဓိပ္ပာယ်ရသည့် Hongqi ကို ၁၉၅၈ ခုနှစ်တွင် စတင်ပွဲထုတ်ခဲ့သည်။ Hongqi က ကမ္ဘာလုံးဆိုင်ရာမော်တော်ကား အမှတ်တံဆိပ်တစ်ခုအဖြစ် တည်ထောင်ရန်အတွက် အားထုတ် လုပ်ဆောင်မှုများ အရှိန်မြှင့်ရန် စီစဥ်ထားသည်။ လာမည့်ငါးနှစ်တာကာလအတွင်း ၎င်းသည် နိုင်ငံနှင့်ဒေသပေါင်း ၁၀၀ ကျော်သို့ တင်ပို့ရောင်းချမှု ချဲ့ထွင်ရန်၊ အရောင်းနှင့်ဝန်ဆောင်မှုဆိုင်ခွဲပေါင်း ၁,၀၀၀ ပါဝင်သည့် ကမ္ဘာ့ကွန်ရက် တစ်ခု တည်ဆောက်ရန်နှင့် ကမ္ဘာတစ်ဝန်း NEVs များ၊ စွမ်းအင်ချွေတာသော ကားမော်ဒယ်များ၊ ထိပ်တန်း ဇိမ်ခံကားမော်ဒယ်များနှင့် ပိုမိုကျယ်ပြန့်သည့် ထုတ်ကုန်မော်ဒယ်များ ချဲ့ထွင်မိတ်ဆက်နိုင်ရန် ရည်ရွယ်ထားကြောင်း သိရသည်။ (Repost from Xinhua Myanmar)