ယူကရိန်း၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပွင့်လင်းမြင်သာမှုရှိရန် ဇယ်လန်းစကီး တိုက်တွန်း
04 Dec
ယူကရိန်းအကျပ်အတည်း အဆုံးသတ်ရေးအတွက် လက်ရှိကြိုးပမ်းမှုများတွင် ပွင့်လင်းမြင်သာမှုရှိရန် ယူကရိန်းနိုင်ငံသမ္မတ ဗိုလိုဒီမာ ဇယ်လန်းစကီး က ဒီဇင်ဘာလ ၂ ရက်၌ တိုက်တွန်းခဲ့သည်။ “အရာအားလုံး တရားမျှတမှုနဲ့ ပွင့်လင်းမြင်သာမှုရှိဖို့၊ ယူကရိန်းနိုင်ငံရဲ့ နောက်ကွယ်မှာ ကစားပွဲတွေမရှိဖို့၊ ယူကရိန်းနိုင်ငံမပါဘဲ ဘာကိုမှမဆုံးဖြတ်ဖို့ အရေးကြီးပါတယ်” ဟု ဇယ်လန်းစကီး က လူမှုမီဒီယာ X တွင် ရေးသား ခဲ့သည်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် အထိခိုက်လွယ်ဆုံးအရာများနှင့် အခက်ခဲဆုံးကိစ္စရပ်များမှာ နယ်မြေများ၊ ရုရှားပိုင်ဆိုင်မှုများကို ရပ်ဆိုင်းထားခြင်း၊ ယူကရိန်းအတွက် လုံခြုံရေးအာမခံချက်များနှင့် သက်ဆိုင်ကြောင်း ၎င်းက မှတ်ချက်ပြုခဲ့သည်။ ညှိနှိုင်းရေးအဖွဲ့များအနေဖြင့် ယင်းအကြောင်းအရာများအပေါ် ဆက်လက်လုပ်ဆောင်သွားမည် ဟု ၎င်းက ပြောကြားခဲ့သည်။ ယူကရိန်းအကျပ်အတည်းအတွက် ရိုးရှင်းသောဖြေရှင်းနည်းများ မရှိကြောင်းနှင့် လိုအပ်သည့်ဆုံးဖြတ်ချက် များချမှတ်ရန် ၎င်းအနေဖြင့် ကြိုတင်ပြင်ဆင်ထားသည်ဟုလည်း ဇယ်လန်းစကီး က အလေးပေးပြောကြားခဲ့ကြောင်း သိရသည်။ (Repost from Xinhua Myanmar)