“နာပိုလီအသင်း ကွင်းလယ်လူ ဂီလ်မော ဒဏ်ရာခွဲစိတ်မှုအောင်မြင်”

04 Dec

နာပိုလီအသင်းရဲ့ စကော့တလန်လက်ရွေးစင် ကွင်းလယ်လူ ဘီလီဂီလ်မော ရဲ့ ဒဏ်ရာကို ခွဲစိတ်မှု အောင်မြင်ခဲ့ပြီး နာကျင်မှုကို အနည်းငယ်ခံစားနေရဆဲဖြစ်တယ်လို့ ဂီလ်မော က ပြောကြားခဲ့ပါတယ်။ ဂီလ်မော ဟာ ပေါင်ခြံဒဏ်ရာကြောင့် နာပိုလီအသင်းရဲ့ စီးရီးအေ ၃ ပွဲနဲ့ ချန်ပီယံလိဂ်ပွဲစဉ် ၂ ပွဲတို့ကို လွဲချော်ခဲ့ရတာဖြစ်ပြီး ဒဏ်ရာကို ခွဲစိတ်ကုသမှုခံယူဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ အသက် ၂၄ နှစ်အရွယ် ဂီလ်မော ရဲ့ ဒဏ်ရာကို ဒီဇင်ဘာလ ၁ ရက်က လန်ဒန်မြို့မှာ ခွဲစိတ်ကုသမှုပြုလုပ်ခဲ့တာဖြစ်ပြီး ခွဲစိတ်မှုအောင်မြင်ခဲ့တယ်လို့ နာပိုလီအသင်းက သတင်းထုတ်ပြန်ပါတယ်။ ဂီလ်မော အနေနဲ့ ၂၀၂၅ နှစ်ကုန်အထိ နားရဖွယ်ရှိနေပြီး ၂၀၂၆ ဇန်နဝါရီမှာ ပြန်ကစားနိုင်ဖို့ မျှော်လင့်ထားတယ်လို့ ဆိုပါတယ်။ ဂီလ်မော ဟာ အခုရာသီ နာပိုလီအသင်းအတွက် စီးရီးအေ ၉ ပွဲမှာ တစ်ဂိုးသွင်းယူပေးထားသလို ချန်ပီယံလိဂ် ပွဲစဉ် ၃ ပွဲမှာလည်း ပါဝင်ကစားပေးထားပါတယ်။ (NVS 008)

04 Dec

ADVERTISE HERE .