“ချင်းတိုင်းရင်းသားဖိုက်တာ ဟာလင်းအုမ်း ထိုင်းဖိုက်တာနဲ့ ONE Friday Fights 136 မှာ ထိုးသတ်မည်”

04 Dec

ချင်းတိုင်းရင်းသားဖိုက်တာ ဟာလင်းအုမ်း ဟာ ဒီဇင်ဘာလ ၁၂ သောကြာညမှာ ကျင်းပမယ့် ONE Friday Fights 136 ပြိုင်ပွဲမှာ ထိုင်းဖိုက်တာ ချတ်ပစ်ချစ်နဲ့ ယှဥ်ပြိုင်ထိုးသတ်မှာ ဖြစ်ပါတယ်။ ONE Friday Fights 136 ပြိုင်ပွဲကို ဒီဇင်ဘာလ ၁၂ ရက်မှာ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ လုမ္မဏီအားကစားရုံမှာ ကျင်းပပြုလုပ်မှာဖြစ်ပါတယ်။ အဆိုပါပြိုင်ပွဲမှာ တွဲဆိုင်း ၁၂ ဆိုင်း ပါဝင်မှာဖြစ်ပြီး ချတ်ပစ်ချစ် နဲ့ ဟာလင်းအုမ်း တို့ဟာ မွေထိုင်းအက်တမ်ဝိတ်တန်းမှာ ပွဲစဥ် ၉ အဖြစ် ယှဥ်ပြိုင်ထိုးသတ်မှာ ဖြစ်ပါတယ်။ ဟာလင်းအုမ်း နဲ့ ထိုးသတ်မယ့် ထိုင်းဖိုက်တာ ချတ်ပစ်ချစ် ဟာ ONE Firday Fights မှာ ၇ ပွဲ ထိုးသတ်ထားပြီး ၅ ပွဲနိုင်၊ ၂ ပွဲရှုံးနိမ့်ထားပါတယ်။ ချင်းဖိုက်တာ ဟာလင်းအုမ်း ဟာ ONE Friday Fights မှာ ၂ ပွဲသာ ထိုးသတ်ထားရသေးပြီး တစ်ပွဲနိုင်၊ တစ်ပွဲရှုံးနိမ့်ထားပါတယ်။ ဟာလင်းအုမ်း ဟာ နှစ်ပွဲစလုံးကို ဂျပန်ဖိုက်တာတွေနဲ့ ထိုးသတ်ထားပြီး အခုမှသာ ပထမဆုံးအိမ်ရှင်ထိုင်းဖိုက်တာနဲ့ ထိုးသတ်ရမှာ ဖြစ်ပါတယ်။ ဟာလင်းအုမ်း ဟာ နောက်ဆုံးပွဲအဖြစ် ပြီးခဲ့တဲ့အောက်တိုဘာအတွင်းက ဂျပန်ဖိုက်တာနဲ့ ယှဥ်ပြိုင်ထိုးသတ်ခဲ့ရာမှာ အမှတ်နဲ့ အနိုင်ရရှိ ထားခဲ့တာဖြစ်ပါတယ်။ (NVS 008)

04 Dec

ADVERTISE HERE .