“ပေါ်တူဂီနဲ့ ခြေစမ်းပွဲကို Azteca ကွင်းမှာ ကစားမယ်လို့ အတည်ပြုခဲ့တဲ့ မက္ကဆီကိုအသင်း”

04 Dec

မက္ကဆီကိုအသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်ခင် လာမယ့်မတ်လအတွင်းမှာ ပေါ်တူဂီ၊ ဘယ်လ်ဂျီယံတို့နဲ့ ခြေစမ်းကစားဖို့ စီစဉ်ထားပြီး ပေါ်တူဂီနဲ့ပွဲကို ကမ္ဘာ့ဖလားမှာ အသုံးပြုမယ့် Azteca ကွင်းမှာ ကစားမယ်လို့ အတည်ပြုကြေညာခဲ့ပါတယ်။ မက္ကဆီကိုအသင်းဟာ အမေရိကန်၊ ကနေဒါတို့နဲ့အတူ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို ပူးတွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့်နိုင်ငံဖြစ်ပြီး ပြိုင်ပွဲမှာ အသုံးပြုမယ့် ကွင်းပေါင်း ၁၆ ကွင်းထဲမှာ မက္ကဆီကိုအသင်းက ကွင်း ၃ ကွင်း ပါဝင်မှာ ဖြစ်ပါတယ်။ Azteca ကွင်းဟာ ပရိသတ် ၉၀,၀၀၀ နီးပါး ဝင်ဆံ့တဲ့ကွင်းဖြစ်ပြီး ကမ္ဘာ့ဖလား ပြိုင်ပွဲအတွက် မွမ်းမံပြင်ဆင်မှုတွေ ပြုလုပ်နေတာကြောင့် ပေါ်တူဂီအသင်းနဲ့ ခြေစမ်းပွဲမှာမှ ပြန်လည် ဖွင့်လှစ်မှာဖြစ်ပါတယ်။ အဆိုပါကွင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ မက္ကဆီကိုအသင်းရဲ့ အုပ်စုပွဲစဉ်နှစ်ပွဲအပါအဝင် စုစုပေါင်း ပွဲစဉ် ၅ ပွဲ လက်ခံကျင်းပဖို့ ရွေးချယ်ခံထားရကြောင်း သိရပါတယ်။ အဆိုပါကွင်းက ၁၉၇၀ ကမ္ဘာ့ဖလားနဲ့ ၁၉၈၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာ ဗိုလ်လုပွဲကိုလက်ခံကျင်းပခွင့်ရခဲ့တဲ့ မက္ကဆီကိုနိုင်ငံရဲ့ အထင်ကရကွင်းတစ်ကွင်း ဖြစ်ကြောင်းလည်း သိရပါတယ်။ (NVS 008)

04 Dec

ADVERTISE HERE .