“နယူးကာဆယ်ကို ပယ်နယ်တီပေးခဲ့တာ လုံးဝမှားယွင်းတယ်လို့ ဝေဖန်ခဲ့တဲ့ စပါးနည်းပြသောမတ်စ်ဖရန့်ခ်”
04 Dec
စပါးအသင်းရဲ့နည်းပြ သောမတ်စ်ဖရန့်ခ် က နယူးကာဆယ်နှင့် စပါးအသင်းတို့ပွဲစဉ်မှာ နယူးကာဆယ် အသင်းကို ပယ်နယ်တီပေးခဲ့တာဟာ လုံးဝမှားယွင်းတယ်လို့ ဝေဖန်ပြစ်တင်ခဲ့ပါတယ်။ အဆိုပါပွဲမှာ နယူးကာဆယ်အသင်းက ဦးဆောင်ဂိုးနှစ်ကြိမ် သွင်းယူနိုင်ခဲ့ပြီး ဒုတိယဦးဆောင်ဂိုးကို ပယ်နယ်တီကနေတစ်ဆင့် ဂေါ်ဒွန် က သွင်းယူခဲ့တာ ဖြစ်ပါတယ်။ ပယ်နယ်တီဖြစ်စဉ်က နယူးကာဆယ်အသင်း ထောင့်ကန်ဘောကန်ခွင့်ရချိန် စပါးအသင်းရဲ့ ဂိုးဧရိယာအတွင်း စပါးကစားသမား ဘန်တန်ကာ နဲ့ နယူးကာဆယ် နောက်ခံလူ ဒန်ဘန်း တို့ တွန်းထိုးလဲကျခဲ့တာကို VAR ဆုံးဖြတ်ချက်နဲ့ ပယ်နယ်တီအဖြစ် သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။ ရုပ်သံမြင်ကွင်းတွေအရ ဘန်တန်ကာ ရဲ့ခေါင်းက ဒန်ဘန်း ရဲ့ချိုင်းကြားထဲ ရောက်နေခဲ့တာကြောင့် ဒီဖြစ်ရပ်ကို ပယ်နယ်တီလို့ သတ်မှတ်ခဲ့ခြင်းအတွက် ဝေဖန်ပြစ်တင်သူတွေလည်း အများကြီးရှိခဲ့ပါတယ်။ (NVS 008)
04 Dec