“ပရီးမီးယားလိဂ်ပွဲစဉ်(၁၃)ရဲ့ အကောင်းဆုံးကစားသမားအဖြစ် ရွေးချယ်ခံရတဲ့ ဘရူနိုဖာနန်ဒက်စ်”
04 Dec
မန်ယူအသင်းခေါင်းဆောင် ပေါ်တူဂီကွင်းလယ်ကစားသမား ဘရူနိုဖာနန်ဒက်စ်ဟာ ပရီးမီးယားလိဂ် ပွဲစဉ်(၁၃)ရဲ့ အကောင်းဆုံးကစားသမားအဖြစ် ရွေးချယ်ခံခဲ့ရကြောင်း သိရပါတယ်။ ဘရူနိုဖာနန်ဒက်စ်ဟာ ခရစ္စတယ်ပဲလေ့စ်ကို အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ သွင်းနှစ်ဂိုးစလုံးကို ဖန်တီးပေးပြီး ခြေစွမ်းပြသနိုင်ခဲ့တာကြောင့် ပရိသတ်တွေရဲ့ မဲပေးမှု အများဆုံးရရှိခဲ့ခြင်းဖြစ်ပါတယ်။ ပရီးမီးယားလိဂ်ရဲ့ ပွဲစဉ် အလိုက်အကောင်းဆုံးကစားသမားအဖြစ် မန်ယူအသင်းနဲ့ စပါးအသင်းက ၃ ဦးစီ ရွေးချယ်ခံထားရပြီး လီဗာပူးလ်၊ မန်စီးတီးနဲ့ ချယ်လ်ဆီးက ၂ ဦးစီ၊ အာဆင်နယ်က ၁ ဦး ရွေးချယ်ခံထားရပါတယ်။ ဘရူနိုဖာနန်ဒက်စ် ဟာ ပရီးမီးယားလိဂ်မှာ ဂိုးဖန်တီးမှုစုစုပေါင်း ၅၆ ကြိမ်ရှိခဲ့ပြီဖြစ်တာကြောင့် မန်ယူကစားသမားတွေထဲမှာ ပရီးမီးယားလိဂ်ဂိုးဖန်တီးမှုအများဆုံး စတုတ္ထမြောက်ကစားသမား ဖြစ်လာပါတယ်။ (NVS 008)
04 Dec