“ဒဂုံမြို့သစ် သုံးမြို့နယ်မှာ တန်ဖိုးသင့်အိမ်ရာစီမံကိန်း တင်ဒါခေါ်ယူ”

04 Dec

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဒဂုံမြို့သစ် သုံးမြို့နယ်မှာ တန်ဖိုးသင့်အိမ်ရာစီမံကိန်းအတွက် တင်ဒါ ခေါ်ယူထားကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ တင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတီက ထုတ်ပြန်ထားပါတယ်။ ဒဂုံမြို့သစ်(တောင်ပိုင်း)၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)နှင့် ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်များမှာ တန်ဖိုးသင့် အိမ်ရာစီမံကိန်းဖော်ဆောင်ရန် အစိုးရ-ပုဂ္ဂလိက အကျိုးတူပူးပေါင်းအကောင်အထည်ဖော်ရန်အတွက် ပြည်တွင်း ကုမ္ပဏီများကို တင်ဒါခေါ်ယူထားခြင်းဖြစ်ပါတယ်။ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်မှာ ၄ ခန်းတွဲ ၆ ထပ်တိုက် ၃၆ လုံးနှင့် Shop House အလုံး ၂၀၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် ၄ ခန်းတွဲ ၆ ထပ်တိုက် ၁၀ လုံးနှင့် ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ်တွင် ၄ ခန်းတွဲ ၆ ထပ်တိုက် ၄၅ လုံးနှင့် Commercial Area ၂ ဒသမ ၇၃ ဧက အကောင်အထည် ဖော်ဆောင်ရွက်မယ်လို့ သိရပါတယ်။ အဆိုပါတန်ဖိုးသင့်အိမ်ရာစီမံကိန်းအတွက် တင်ဒါကို ဒီဇင်ဘာလ ၄ ရက်မှ ၁၈ ရက်အထိ ရောင်းချပေးမည်ဖြစ်ပြီး ကျောက်တံတားမြို့နယ်၊ (၁၀)ထပ်ရုံး၊ ရှစ်လွှာ၊ အင်ဂျင်နီယာဌာန (အဆောက်အအုံ)မှာ တင်ဒါတင်သွင်းရမည်ဖြစ်ပါတယ်။ ဒါ့အပြင် တင်ဒါပုံစံနှင့်အာမခံကြေး ငွေကို ဒီဇင်ဘာလ ၃၁ ရက် နောက်ဆုံးထားတင်သွင်းရမည်ဖြစ်ပြီး တင်ဒါပွဲကျင်းပမည့် နေ့ရက်ကို ကြိုတင်အသိပေးအကြောင်းကြား သွားမည်ဖြစ်ကြောင်း သိရပါတယ်။ (NVS 004)

04 Dec

ADVERTISE HERE .