“တောင်သမန်အင်းသို့ ဆောင်းခိုငှက်ဝင်ရောက်မှု ယခင်နှစ်ကထက် လျော့ကျ”

04 Dec

ယခုနှစ်ဆောင်းရာသီတွင် တောင်သမန်အင်းသို့ ဆောင်းခိုငှက်ဝင်ရောက်မှု ယခင်နှစ်များထက်ပင် လျော့ကျသွားကြောင်း သဘာ၀ပတ်၀န်းကျင်ထိန်းသိမ်းရေးဆောင်ရွက်နေကြသူများထံမှ သိရပါတယ်။ ဆောင်းခိုငှက်များဝင်ရောက်မှုသည် တစ်နှစ်ထက်တစ်နှစ်လျော့ကျနေကြောင်း၊ တောင်သမန်အင်းတွင် နှစ်စဉ်ဆောင်းခိုငှက်မျိုးစိတ်ပေါင်း တစ်ရာကျော်ဝင်လေ့ရှိပြီး ရှားပါးမျိုးစိတ်ဝင်ရောက်မှုမရှိသေးကြောင်း သိရပါ တယ်။ တောင်သမန်အင်းသို့ ၂၀၀၈ ခုနှစ်က ဆောင်းခိုငှက်အများအပြားဝင်ရောက်ခဲ့ဖူးပြီးနောက်ပိုင်း ရေသွင်းရေ ထုတ်စနစ်ပုံစံမမှန်ခြင်း၊ ရေအရည်အသွေးပြောင်းလဲလာခြင်းတို့ကြောင့် ပုံမှန်ထက် တစ်နှစ်ထက် တစ်နှစ် လျော့ကျသွားခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။ မြန်မာနိုင်ငံသို့ တရုတ်၊ မွန်ဂိုလီယား၊ ရုရှားနိုင်ငံတို့မှ ရေငှက်(Water Bird)၊ ရေဘဲနှင့်ဘဲငန်း၊ ကမ်းခြေနေ ငှက်(Shore Bird)၊ ကမ်းစပ်နေခြေတံရှည်ငှက်(Wader)၊ ပင်လယ်ငှက်(Sea Bird) အစရှိတဲ့ ရာသီအလိုက် ပြောင်းရွှေ့ကျက်စားတတ်တဲ့ ငှက်မျိုးစိတ်တို့မှ နှစ်စဉ်အကောင်ရေသိန်းချီဝင်ရောက်တတ်ပြီး၊ မန္တလေးမြို့အနီး ၀န်းကျင်ရှိ တောင်သမန်အင်း၊ ပလိပ်အင်း၊ ဗနောအင်းနှင့် ပြူကန်တို့မှာ ဒီဇင်ဘာလမှ မတ်လအထိ ကျက်စားလေ့ ရှိကြောင်း သိရပါတယ်။ (NVS 004)

04 Dec

ADVERTISE HERE .