“မဟာဇေယျအတုလမာရဇိန်ကြေးသွန်းဘုရားကြီးမှာ ဆွမ်းဆန်တော်လောင်းလှူပူဇော်ပွဲကျင်းပ”

04 Dec

မဟာဇေယျအတုလမာရဇိန်ကြေးသွန်းဘုရားကြီး၏ (၁၁၁) ကြိမ်မြောက်ဗုဒ္ဓပူဇနိယပွဲတော်ကြီးကို နိုဝင်ဘာလ ၂၇ ရက်မှစတင်ကာ ဗုဒ္ဓပူဇာ၊ ဓမ္မပူဇာ၊ သံဃပူဇာတို့ဖြင့် ဆင်ယင်ကျင်းပလျက်ရှိကြောင်း ဘုရားကြီး၏ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ထံမှ သိရပါတယ်။ နိုဝင်ဘာလ ၂၇ ရက်မှ ဒီဇင်ဘာလ ၂ ရက်အထိ မဟာပဋ္ဌာန်းကျမ်းမြတ်ရွတ်ဖတ်ပူဇော်ပွဲကို ဆင်ယင် ကျင်းပခဲ့ပြီး ဒီဇင်ဘာလ ၃ ရက်ညနေပိုင်းမှာ ဆွမ်းတော်ကြီးတင်ဆက်ကပ်လှူဒါန်းပွဲ၊ ဒီဇင်ဘာ ၄ ရက်နံနက်ပိုင်းမှာ ဆရာတော်၊ သံဃာတော်များက ဘုရားကြီးအားအနေကဇာတင်တော်မူသွားကြမည်ဖြစ်ကြောင်း သိရပါတယ်။ ဒီဇင်ဘာလ ၄ ရက် (နတ်တော်လပြည့်နေ့)နေ့လယ် ၃ နာရီမှာ ဘုရားကြီးပရိဝုဏ်အတွင်း ဘုရားအမှူး ပြုတဲ့ ဆရာတော်၊ သံဃာတော် ၅၅ ပါးကို ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်သွားမည်ဖြစ်၍ လာရောက်လောင်း လှူနိုင်ကြောင်း ဘုရားကြီးဂေါပကအဖွဲ့က အသိပေးနှိုးဆော်ထားပါတယ်။ အခုလိုလောင်းလှူပူဇော်ရာမှာ အလှူရှင်များအတွက်နေရာထိုင်ခင်းစီစဉ်ပေးနိုင်ရန် ဂေါပကအဖွဲ့ထံသို့ ကြိုတင်အကြောင်းကြားပေးပါရန်လည်း ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က မေတ္တာရပ်ခံထားပါတယ်။ (NVS 004)

04 Dec

ADVERTISE HERE .