“ရွေးကောက်ပွဲမှာ မသန်စွမ်းသူများ ဆန္ဒမဲပေးနိုင်ရေး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြရန် တိုက်တွန်း”
04 Dec
မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီဥက္ကဋ္ဌ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန (၄) ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ က မသန်စွမ်းသူများ ဆန္ဒမဲပေးနိုင်ရေးအတွက် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက် ပေးကြရန် အလေးနက်ထားတိုက်တွန်းပါကြောင်းကို မသန်စွမ်းသူများနေ့အထိမ်းအမှတ် အခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။ မသန်စွမ်းသူများ ဆန္ဒမဲပေးနိုင်ရေး အသိပညာပေးခြင်းနှင့် မြန်မာအီလက်ထရောနစ်မဲပေးစက် လက်တွေ့ စမ်းသပ်အသုံးပြုခြင်းတို့ကို နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပြင်ဦးလွင်နှင့် မိတ္ထီလာမြို့တို့မှာ အကောင်ထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း သိရပါတယ်။မသန်စွမ်းသူများနှင့် ပတ်သက်တဲ့အရေးကိစ္စက လူအသိုက်အဝန်းတစ်ခုလုံးနှင့် သက်ဆိုင်တဲ့ လူမှုဖွံ့ဖြိုး ရေးကိစ္စဖြစ်ကြောင်း၊ ပြည်သူလူထုအနေဖြင့် မသန်စွမ်းသူများ၏ အခွင့်အရေး ဂုဏ်သိက္ခာနှင့် စွမ်းဆောင်ရည်ကို အသိအမှတ်ပြုပြီး နားလည်လက်ခံပေးရမည်ဖြစ်ကြောင်းလည်း ဦးထွန်းအုံက ပြောကြားခဲ့ပါတယ်။ ၂၀၂၄ သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံမှာ မသန်စွမ်းသူ ၂ ဒသမ ၂၉ သန်းရှိပြီး နိုင်ငံလူဦးရေး၏ ၇ ဒသမ ၆ ရာခိုင်နှုန်း ရှိကြောင်း သိရပါတယ်။ (NVS 004)