ကုန်ဈေးနှုန်းသတင်း (၃.၁၂.၂၀၂၅)

03 Dec

ဒီဇင်ဘာလ ၃ ရက်အတွက် ရန်ကုန်ဘုရင့်နောင် ကုန်စည်ဒိုင်တွေကနေရရှိတဲ့ ကုန်ဈေးနှုန်းတွေအရ မတ်ပဲနဲ့ ပဲစင်းငုံနီဈေးတွေ ဆက်တိုက်ကျဆင်းနေသလို ထောပတ်ပဲ၊ အားလူးနဲ့ ကြက်သွန်နီဈေးတွေလည်း တည်ငြိမ်လျက် ရှိပါတယ်။ ငရုတ်သီးများဈေးနှုန်းနှင့် မန်ကျည်းဈေးနှုန်းများ တည်ငြိမ်လျက်ရှိပါတယ်။ မတ်ပဲ(Raw) တစ်ပိဿာကို ၄,၄၂၅ ကျပ်ကနေ ၄,၄၆၀ ကျပ်၊ ပဲစင်းငုံနီ တစ်ပိဿာကို ၄၁၁၅ ကျပ်၊ ပဲတီစိမ်း တစ်ပိဿာကို ၅,၆၆၅ ကျပ်ကနေ ၅,၆၈၅ ကျပ်၊ ပဲလွန်းဖြူ တစ်ပိဿာကို ၄,၃၃၀ ကျပ်ကနေ ၄,၃၈၅ ကျပ်၊ ပဲလွန်းနီ တစ်ပိဿာကို ၃,၉၁၅ ကျပ်ကနေ ၄,၀၈၅ ကျပ်၊ ပဲကြီး တစ်ပိဿာကို ၈,၈၄၅ ကျပ်ကနေ ၁၀,၆၂၀ ကျပ်၊ ထောပတ်ပဲ တစ်ပိဿာကို ၃,၁၅၅ ကျပ်၊ ဘိုကိတ်ပဲ တစ်ပိဿာကို ၃,၃၃၀ ကျပ်ကနေ ၃,၆၇၀ ကျပ်၊ စားတော်ပဲလုံး တစ်ပိဿာကို ၁၄,၁၆၅ ကျပ်ကနေ ၁၅,၀၀၀ ကျပ်၊ ပြောင်းဆန် တစ်ပိဿာကို ၁,၄၄၀ ကျပ်ကနေ ၁,၄၆၀ ကျပ်၊ ကုလားပဲခြမ်း တစ်ပိဿာကို ၅,၅၀၀ ကျပ်ကနေ ၆,၁၀၀ ကျပ်၊ ငရုတ်သီး(တစ်ပိဿာ)ဈေးနှုန်းများမှာ ပန်းရဲငရုတ်(သစ်) AC ကျပ် ၈၅၀၀၊ မြားနီ ကျပ် ၉၅၀၀ ၊ပျော်ဘွယ်မိုးထောင် ကျပ် ၁၄,၀၀၀၊ ဆင်ဖြူကျွန်း (ပု) ကျပ် ၃၂,၀၀၀ နှင့် မြစ်ဝပု ကျပ် ၃၀,၀၀၀၊ မန်ကျည်းသီး (တစ်ပိဿာ) ဈေးနှုန်းများမှာ မန်ကျည်းသီးပွင့်ကပ် (သစ်) ကျပ် ၅,၅၀၀ နှင့် မန်ကျည်းအသား (သစ်) ကျပ် ၉,၅၀၀ ထန်းလျက်၊ ကြံသကာနှင့်သကြား(တစ်ပိဿာ)ဈေးနှုန်းများမှာ တောင်သာမလိုင်(ဒုံး)ကျပ် ၆,၅၀၀၊ ညောင်ဦး ဆေးရှယ်(ထန်း) ကျပ် ၇,၀၀၀၊ ပခုက္ကူ ကြမ်း ကျပ် ၆,၄၀၀၊ ရေစကြို ထန်းလျက်(ချော) ကျပ် ၇,၅၀၀၊ ကြံသကာကျပ် ၄,၈၀၀ နှင့် သကြား(ပြည်တွင်း) ကျပ် ၄,၁၀၀ ဈေးအသီးသီး ရှိနေပါတယ်။ နိုင်ငံခြားငွေလဲလှယ်နှုန်းတွေကတော့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ထုတ်ပြန်ချက်အရ အမေရိကန် တစ်ဒေါ်လာကို မြန်မာငွေ ၂,၁၀၀ ကျပ်နဲ့ စင်ကာပူတစ်ဒေါ်လာကို မြန်မာငွေ ၁,၆၁၂ ကျပ် ဖြစ်ပါတယ်။ ပြင်ပပေါက် ဈေးအရ အမေရိကန်တစ်ဒေါ်လာကို မြန်မာငွေ ၄,၀၁၅ ကျပ်နဲ့ စင်ကာပူတစ်ဒေါ်လာကို မြန်မာငွေ ၃,၁၀၀ ကျပ် ဖြစ်နေပါတယ်။ စက်သုံးဆီဈေးနှုန်းတွေကတော့ ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန (PPRD)၏ နေ့စဉ်ထုတ်ပြန် ချက်အရ - -Octane 92 တစ်လီတာကို ရန်ကုန်မှာ ၂,၄၉၀ ကျပ်၊ မန္တလေးမှာ ၂,၆၀၅ ကျပ်၊ နေပြည်တော်မှာ ၂,၅၇၀ ကျပ်။ -Octane 95 တစ်လီတာကို ရန်ကုန်မှာ ၂,၅၇၀ ကျပ်၊ မန္တလေးမှာ ၂,၆၈၅ ကျပ်၊ နေပြည်တော်မှာ ၂,၆၅၀ ကျပ်။ -ဒီဇယ် တစ်လီတာကို ရန်ကုန်မှာ ၂,၅၁၅ ကျပ်၊ မန္တလေးမှာ ၂,၆၃၀ ကျပ်၊ နေပြည်တော်မှာ ၂,၅၉၅ ကျပ်။ -Premium ဒီဇယ် တစ်လီတာကို ရန်ကုန်မှာ ၃,၀၃၀ ကျပ်၊ မန္တလေးမှာ ၃,၁၄၅ ကျပ်၊ နေပြည်တော်မှာ ၃,၁၁၀ ကျပ် ရှိနေပါတယ်။ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းလုပ်ငန်းရှင်များအသင်း (YGEA) ၏ ယနေ့ထုတ်ပြန်ချက်အရ အကယ်ဒမီ မီးလင်းရွှေဈေးနှုန်းကတော့ ကျပ်သိန်း (၅,၉၉၀,၀၀၀/-) ငါးဆယ် ကိုးသိန်း ကိုးသောင်း ကျပ် ရှိပြီး ပြင်ပပေါက်ဈေးမှာ ကျပ်သိန်း (၈,၆၉၀,၀၀၀ိ/-) ရှစ်ဆယ် ရှစ်သိန်း ကျပ် ရှိနေတယ်လို့ သိရပါတယ်။

03 Dec

ADVERTISE HERE .