“အာဖရိကနိုင်ငံများဖလားပြိုင်ပွဲဝင် ကင်မရွန်းလူစာရင်းမှာ ပါဝင်ခြင်းမရှိတဲ့ အိုနာနာ”

03 Dec

၂၀၂၅ အာဖရိကနိုင်ငံများဖလားပြိုင်ပွဲဝင်မယ့် ကင်မရွန်းအသင်းလူစာရင်းမှာ နာမည်ကြီးဂိုးသမား အိုနာနာကို မရွေးချယ်ထားဘူးလို့ သိရပါတယ်။ ကင်မရွန်းအသင်းဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲမအောင်မြင်လို့ နည်းပြ မက်ဘရိုင်းစ် ကို ရာထူးကနေ ထုတ်ပယ်ခဲ့ပြီးနောက် မက်ဘရိုင်းစ် ရဲ့ လက်ထောက်တစ်ဦးဖြစ်တဲ့ ဒေးဗစ်ပါဂူး ကို အစားထိုးခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။ နည်းပြသစ် ပါဂူးက ဒီဇင်ဘာလ ၂၁ ရက်မှာ စတင်ကျင်းပမယ့် အာဖရိက နိုင်ငံများဖလားပြိုင်ပွဲအတွက် ၂၈ ဦးလူစာရင်း ထုတ်ပြန်ရာမှာ အိုနာနာကို ချန်လှပ်ခံခဲ့ရတာ ဖြစ်ပါတယ်။ (NVS 008)

03 Dec

ADVERTISE HERE .