“ခရစ္စတယ်ပဲလေ့စ်နဲ့ မာတက်တာ တို့ရဲ့ စာချုပ်သစ်အတွက် ဆွေးနွေးမှုကို ရပ်ဆိုင်း”
03 Dec
ခရစ္စတယ်ပဲလေ့စ်တိုက်စစ်မှူး မာတက်တာ ဟာ အသင်းနဲ့ စာချုပ်သစ်ချုပ်ဆိုရေး ဆွေးနွေးမှု ရပ်ဆိုင်းထားတယ်လို့ သိရပါတယ်။ ဒါကြောင့် မာတက်တာ အနေနဲ့ အသင်းမှာ ကာလကြာရှည်ဆက်ရှိဖို့ဆိုတာ မသေမချာဖြစ်လာခဲ့ပါတယ်။ ပြင်သစ်လက်ရွေးစင်လည်းဖြစ်တဲ့ မာတက်တာ ဟာ ပဲလေ့စ်အသင်းနဲ့ ၂၀၂၇ ခုနှစ် ဇွန်လအထိ စာချုပ်သက်တမ်း ရှိနေတာ ဖြစ်ပါတယ်။ အခုနှစ်အစောပိုင်းကတည်းက စာချုပ်သစ်ချုပ်ဆိုဖို့ ဆွေးနွေးခဲ့ပြီး အစပိုင်းမှာ အပြုသဘောဆောင်ခဲ့ပေမယ့် လက်ရှိမှာ ရပ်တန့်နေတာ ဖြစ်ပါတယ်။ မာတက်တာ ဟာ ပရီးမီးယားလိဂ်မှာ အန္တရာယ်အရှိဆုံး တိုက်စစ်မှူးတွေထဲက တစ်ဦးအဖြစ် ရပ်တည်နေခဲ့ပြီး အောက်တိုဘာလမှာ ပြင်သစ်အသင်းနဲ့ ပွဲထွက်ခဲ့ကာ သုံးပွဲမှာ နှစ်ဂိုး သွင်းယူထားပါတယ်။ (NVS 008)
03 Dec