“မြန်မာ့လက်ရွေးစင်အမျိုးသမီးဘောလုံးအသင်း ထိုင်းနိုင်ငံသို့ ထွက်ခွာ”
03 Dec
၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၉ ရက်ကနေ ၂၀ ရက် အထိ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြိုမှာ ကျင်းပမယ့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်းဟာ ဒီဇင်ဘာလ ၂ ရက် မနက်ပိုင်းက ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ကို ထွက်ခွာသွားခဲ့ပြီ ဖြစ်တယ်လို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနကနေ သိရပါတယ်။ မြန်မာ့လက်ရွေးစင်အမျိုးသမီးဘောလုံးအသင်းက အုပ်ချုပ်/နည်းပြ ၁၁ ယောက်၊ အမျိုးသမီး အားကစား သမား ၂၃ ယောက် စုစုပေါင်း ၃၄ ယောက်တို့ဟာ (၃၃)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲ အမျိုးသမီးဘောလုံးပြိုင်ပွဲ ပထမဦးဆုံးအုပ်စုပွဲစဉ်အဖြစ် ဒီဇင်ဘာလ ၅ ရက်မှာ ဖိလစ်ပိုင်အသင်း၊ ဒီဇင်ဘာလ ၈ ရက်မှာ မလေးရှားအသင်း၊ ဒီဇင်ဘာလ ၁၁ ရက်မှာ ဗီယက်နမ်အသင်းတို့နဲ့ ယှဉ်ပြိုင်သွားမယ်လို့ သိရပါတယ်။ မြန်မာ့လက်ရွေးစင်အမျိုးသမီး ဘောလုံးအသင်းဟာ အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်းလိုင်း (MAI) နဲ့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကနေ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ကို ထွက်ခွာသွားရာ အားကစားနှင့် ကာယပညာဦးစီးဌာနကတာဝန်ရှိသူတွေ၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲချုပ်က တာဝန်ရှိသူတွေနဲ့ မိဘဆွေမျိုးတွေ လိုက်လံပို့ဆောင်ခဲ့ကြပါတယ်။ (NVS 008)