“ပရီးမီးယားလိဂ်သွင်းဂိုး ၁၀၀ အမြန်ဆုံးပြည့်မြောက်တဲ့ ကစားသမားအဖြစ် စံချိန်တင်နိုင်ခဲ့တဲ့ ဟာလန်း”

03 Dec

မန်စီးတီးတိုက်စစ်မှူး ဟာလန်း ဟာ ပရီးမီးယားလိဂ်သွင်းဂိုး ၁၀၀ အမြန်ဆုံးပြည့်မြောက်တဲ့ ကစားသမားအဖြစ် စံချိန်တင်ခဲ့ကြောင်း သိရပါတယ်။ ဖူလ်ဟမ်အသင်းနှင့် မန်စီးတီးအသင်းတို့ပွဲစဉ်မှာ ဟာလန်း က မန်စီးတီးအသင်းအတွက် အဖွင့်ဂိုးသွင်း ယူနိုင်ခဲ့တာကြောင့် ပရီးမီးယားလိဂ်သွင်းဂိုး ၁၀၀ ပြည့်သွားခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် အရင်က ပရီးမီးယားလိဂ်ဂိုး ၁၀၀ အမြန်ဆုံးသွင်းယူခဲ့တဲ့ အလန်ရှီးယားရဲ့ ၁၂၄ ပွဲစံချိန်ကို ပွဲ ၁၁၁ ပွဲနဲ့ ကျော်ဖြတ်ပြီး စံချိန်သစ်တင်နိုင်ခဲ့တာပါ။ ဟာလန်း ဟာ ပရီးမီးယားလိဂ်မှာ ပြိုင်ဘက်ကလပ်အသင်း ၂၃ သင်းနဲ့ ဆုံတွေ့ခဲ့ပြီးမှာ ပြိုင်ဘက်တိုင်းကို ဂိုးသွင်းနိုင်ခဲ့ကြောင်းလည်း သိရပါတယ်။ ဟာလန်း ဟာ ပရီးမီးယားလိဂ်မှာ ဂိုး(၁၀၀)ပြည့် သွင်းယူနိုင်တဲ့ ၃၅ ဦးမြောက်ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ (NVS 008)

03 Dec

ADVERTISE HERE .