“အမျိုးသမီး Nations League ချန်ပီယံဆုကို နှစ်ကြိမ်ဆက်တိုင်ဆွတ်ခူးခဲ့တဲ့ စပိန်အသင်း”
03 Dec
စပိန်အမျိုးသမီးအသင်းဟာ အမျိုးသမီး Nations League ဗိုလ်လုပွဲဒုတိယအကျော့မှာ ဂျာမနီအသင်းကို ၃ဂိုးပြတ်နဲ့ အနိုင်ယူရရှိခဲ့ပြီး ချန်ပီယံဆုကို နှစ်ကြိမ်ဆက်တိုက် ဆွတ်ခူးခဲ့ကြောင်း သိရပါတယ်။ ပထမအကျော့ပွဲစဉ်မှာ ဂိုးမရှိသရေကျခဲ့ပေမယ့် အိမ်ကွင်းမှာ ကစားရတဲ့ ဒုတိယအကျော့မှာတော့ စပိန်အသင်းက ပီနာ နှင့် လိုပက်ဇ် တို့ရဲ့ သွင်းဂိုးတွေနဲ့ အနိုင်ယူပြီး ချန်ပီယံဆု ရယူနိုင်ခဲ့ပါတယ်။ အမျိုးသမီး Nations League ပြိုင်ပွဲကို ၂၀၂၃-၂၄ ရာသီမှာမှ စတင်ကျင်းပခဲ့တာဖြစ်ပြီး အဲဒီရာသီမှာလည်း စပိန်အသင်းက ဗိုလ်စွဲခဲ့သလို၊ ဒုတိယအကြိမ်ကျင်းပတဲ့ ဒီနှစ်ပြိုင်ပွဲမှာလည်း ထပ်မံဗိုလ်စွဲနိုင်ခဲ့ပါတယ်။ (NVS 008)
03 Dec