“မြောက်ကိုရီးယားနှင့်ဆက်သွယ်ရေးလိုင်းများ ပြန်ဖွင့်နိုင်ရေး တောင်ကိုရီးယားကမ်းလှမ်း”
03 Dec
တောင်ကိုရီးယားသမ္မတလီဂျေးမြောင်သည် မြောက်ကိုရီးယားနိုင်ငံနှင့်ချိတ်ဆက်ထားသည့် ဆက်သွယ်ရေး လိုင်းများပြန်ဖွင့်နိုင်ရေးအတွက် ဒီဇင်ဘာလ ၂ ရက်တွင် ကမ်းလှမ်းလိုက်ကြောင်းသိရသည်။ တောင်ကိုရီးယား သမ္မတသည် နိုင်ငံ၏ ၂၂ ကြိမ်မြောက် ငြိမ်းချမ်းစွာပေါင်းစည်းရေး အတိုင်ပင်ခံကောင်စီကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်း အနား၌ ယခုကဲ့သို့ပြောလိုက်ခြင်း ဖြစ်သည်။ အဆိုပါကောင်စီသည် မြောက်ကိုရီးယားနှင့်ပေါင်းစည်းနိုင်ရေး ကိစ္စ ရပ်များနှင့်ပတ်သက်၍ သမ္မတကို အကြံဉာဏ်ပေးသည့်အဖွဲ့ ဖြစ်သည်။ ထို့ပြင် ရပ်ဆိုင်းထားသည်မှာ ခုနစ်နှစ်ကြာမြင့်နေပြီဖြစ်သည့် ကိုရီးယားနှစ်နိုင်ငံကြားဆွေးနွေးပွဲကို ပြန်လည်စတင်ရန် တိုက်တွန်းထားပြီး ယင်းဆွေးနွေးပွဲသည် ကိုရီးယားနှစ်နိုင်ငံကြား ငြိမ်းချမ်းစွာအတူ ယှဉ်တွဲ နေထိုင်နိုင်ရေးအတွက် စမှတ်ဖြစ်လာမည်ဟု ကောင်စီက အလေးပေးပြောထားသည်။ အလားတူ နှစ်နိုင်ငံကြား စစ်ဘက်ဆိုင်ရာမတော်တဆဖြစ်စဉ်များကို တားဆီးနိုင်ရန်၊ ကိုရီးယားကျွန်းဆွယ်နှစ်ပိုင်းကွဲမှုကြောင့် စိတ်ထိခိုက် ခံစားရသူများကို ဖြေသိမ့်ပေးနိုင်ရန်နှင့် ရပ်ဆိုင်းထားသည့်ကိစ္စရပ်များစွာကိုဆွေးနွေးရန် ဆွေးနွေးမှုများကို စတင် လုပ်ဆောင်သင့်သည်ဟု တောင်ကိုရီးယားသမ္မတက ပြောထားကြောင်း ဆင်ဟွာသတင်းဌာနဖော်ပြချက်အရ သိရ သည်။