“မိုင်းခွဲဖျက်ဆီးခံရသည့် ပုဂံ-ကျောက်ပန်းတောင်း ရထားလမ်းပိုင်းကို နေချင်းပြင်ဆင်ပေးနိုင်ခဲ့ပြီး ရထားပုံမှန်ပြန်လည်ပြေးဆွဲနိုင်ပြီဖြစ်”
03 Dec
မကွေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပုဂံ-ကျောက်ပန်းတောင်းရထားလမ်းပိုင်း၏ တံတားအမှတ် (၁၅၇) အနီးရထားသံလမ်းကို အကြမ်းဖက်အဖွဲ့ဝင်များမှ ဒီဇင်ဘာလ ၂ ရက်က မိုင်းခွဲဖျက်ဆီးခံခဲ့ရပါတယ်။ ပုဂံ-ကျောက်ပန်းတောင်းရထားလမ်းပိုင်း၏ စုတည်ဘူတာနှင့် တောင်ဇင်းဘူတာကြား ရထားလမ်းပိုင်းကို မြန်မာ့မီးရထားမှတာဝန်ရှိသူများက နံနက် ၈ နာရီ ၅၀ မိနစ်ခန့်မှာ သွားရောက်စစ်ဆေးစဉ် ရထားလမ်း မိုင်တိုင်အမှတ် ၃၈၁/၁၅-၁၆ ကြား ပေ ၂၀ အရှည်ရှိ သံဘောင်တံတားအမှတ်(၁၅၇)အနီး၌ အကြမ်းဖက်အဖွဲ့က မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့တာကြောင့် ရထားသံလမ်းအရှေ့ဘက်ခြမ်း သံလမ်းဖိနပ် ၁ ပေခန့်ပဲ့ထွက်ပျက်စီးပြီး ဇလီဖားတုံး ၃ တုံးကျိုးပဲ့နေ၍ စုတည်-တောင်ဇင်း ရထားလမ်းပိုင်းကို နံနက် ၁၀ နာရီ ၁၆ မိနစ်ခန့်မှာ ယာယီပိတ်သိမ်းခဲ့ကြောင်း သိရပါတယ်။ အဲဒီနောက် လုံခြုံရေးအဖွဲ့ဝင်များက နယ်မြေရှင်းလင်းမှုများပြုလုပ်ပြီးနောက် မြန်မာ့မီးရထားဝန်ထမ်း များက သံလမ်းကို ဖြတ်တောက်လဲလှယ်၍ အစားထိုးတပ်ဆင်ခြင်း၊ လမ်းပြုပြင်ခြင်းများကို အမြန်ဆုံးပြုလုပ် ခဲ့ကြသဖြင့် မွန်းလွဲ ၂ နာရီ ၅၁ မိနစ်ခန့်မှာ အဆိုပါလမ်းပိုင်းကို ပြန်လည်ဖွင့်လှစ်ခဲ့ရာ အပတ်စဉ်ပြေးဆွဲ လျက်ရှိတဲ့ ရန်ကုန်-ပုဂံ အမှတ်(၆၁)အဆန်လူစီးရထားနှင့် အမှတ်(၆၂)အစုန် ပုဂံ-ရန်ကုန်လူစီးရထားများ ပုံမှန်အတိုင်း ပြေးဆွဲလျက်ရှိကြောင်း သိရပါတယ်။ (NVS 004)