“လက်ကျန်နည်းပြီး ဝယ်လိုအားကောင်းနေတဲ့အတွက် စျေးကွက်အတွင်း ပဲကြီးဈေးမြင့်တက်လာ”

03 Dec

ဒီဇင်ဘာလပထမပတ်မှာ မန္တလေးကုန်စည်ဒိုင်၌ ပဲကြီးလက်ကျန်နည်းနေပြီး ပြည်တွင်းပဲကြော်၊ ပဲလှော် လုပ်ငန်းရှင်များမှ ဝယ်ယူမှုရှိနေသည့်အတွက် ဈေးမြင့်တက်လာကြောင်း ဈေးကွက်အတွင်းမှ သိရပါတယ်။ ပဲကြီး(ကြီး) ၅၅ ဒသမ ၂၅ ပိဿာဝင် သုံးတင်းတစ်အိတ်ကို ယခုတစ်ပတ် ကျပ် ၆၁၀,၀၀၀ မှ ၆၃၀,၀၀၀၊ ယခင် တစ်ပတ်ထက် ကျပ် ၁၀,၀၀၀ မှ ၂၀,၀၀၀ ဈေးမြင့်တက်လာပါတယ်။ ပဲကြီး(လတ်)တစ်အိတ်ကို ယခုတစ်ပတ် ကျပ် ၅၅၀,၀၀၀ မှ ၅၇၀,၀၀၀၊ ယခင်တစ်ပတ်ထက် ၁၀,၀၀၀ ကျပ် ဈေးမြင့်တက်လာပါတယ်။ ပဲကြီး(သေး)တစ်အိတ် ကို ယခုတစ်ပတ် ၅၂၀၀၀၀ ကျပ်၊ ယခင်လထက် ကျပ် ၁၇၀,၀၀၀ မှ ၁၉၀,၀၀၀ ခန့် ဈေးမြင့်တက်လာပါတယ်။ (NVS 004)

03 Dec

ADVERTISE HERE .