“မဲစာရင်းများ ပြည့်စုံမှန်ကန်စေရေး အလေးထားဆောင်ရွက်ရန် ရန်ကုန်တိုင်းဝန်ကြီးချုပ်မှာကြား”
03 Dec
မဲစာရင်းများ ပြည့်စုံမှန်ကန်စေရေး အလေးထားဆောင်ရွက်ရန် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးစိုးသိန်းမှ ဒီဇင်ဘာလ ၁ ရက်က ကျင်းပခဲ့တဲ့ ရန်ကုန်တိုင်းဒေသကြီးဌာနဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၁၂/၂ဝ၂၅)မှာ မှာကြားခဲ့ပါတယ်။ လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး အောင်အောင်မြင်မြင် ကျင်းပနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရန်၊ မဲစာရင်းများပြည့်စုံမှန်ကန်စေရေး အလေးထားဆောင်ရွက်ရန် မှာကြားခဲ့ပါတယ်။ အဆိုပါအစည်းအဝေးမှာ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုနှင့်တိုင်းဒေသကြီးဘဏ္ဍာရန်ပုံငွေ၊ ငွေလုံးငွေရင်းအသုံးစရိတ်နဲ့ ဆောင်ရွက်သည့်လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်မှုများကို အကျဥ်း ဦးစီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံဖြိုးရေးဦးစီးဌာန၊ မြေစာရင်းဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၊ အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနနှင့် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနတို့မှ တာဝန်ရှိသူများက ရှင်းလင်း တင်ပြ ခဲ့ကြပါတယ်။ ဒါ့အပြင်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာအကြီးအကဲများက ဆောင်ရွက်ပြီးစီးခဲ့တဲ့ လုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများကို ကဏ္ဍအလိုက်ရှင်းလင်းတင်ပြခဲ့ကြပါတယ်။ (NVS 004)