“ဆီးဂိမ်းပြိုင်ပွဲဝင်မည့် မြန်မာကနူး/ကယက်လှေလှော်အသင်း ထိုင်းနိုင်ငံသို့ ထွက်ခွာ”
02 Dec
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ဒီဇင်ဘာလ ၉ ရက်မှ ၂၀ ရက်အထိကျင်းပမည့် (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာကနူး/ကယက်လှေလှော်အသင်းက ဒီဇင်ဘာလ ၁ ရက်နံနက်ပိုင်းက ထိုင်းနိုင်ငံသို့ ထွက်ခွာသွားခဲ့ကြောင်း သိရပါတယ်။ မြန်မာကနူး/ကယက် လှေလှော်အသင်းက အပြည်ပြည်ဆိုင်ရာမြန်မာ့လေကြောင်းလိုင်း(MAI)ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှတစ်ဆင့် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သို့ ထွက်ခွာသွားခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။ မြန်မာကနူး/ကယက်လှေလှော်အသင်းတွင် အုပ်ချုပ်/ နည်းပြ(၃)ဦး၊ အမျိုးသားအားကစားသမား(၁၂)ဦး၊ အမျိုးသမီးအားကစားသမား ၅ ဦးလိုက်ပါသွားကာ ထိုင်းနိုင်ငံ၊ ချွန်ဘူရီမြို့မှာ ကျင်းပမည့် ကနူး/ကယက်လှေလှော် ပြိုင်ပွဲရဲ့ မီတာ(၂၀၀)၊ မီတာ(၅၀၀)ပြိုင်ပွဲများတွင်ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရပါတယ်။ (NVS 008)
02 Dec