“၂၀၂၆ ကမ္ဘာ့ဖလားအခွင့်အရေးအတွက် ဥရောပမှာ ပြန်ကစားဖို့ကြိုးပမ်းနေတဲ့ ရာမို့စ်”

02 Dec

မက္ကဆီကိုကလပ် မွန်တာရေးအသင်းမှာ ကစားနေတဲ့ စပိန်နောက်ခံလူ ဆာဂျီယိုရာမို့စ် ဟာ ၂၀၂၆ ကမ္ဘာ့ဖလားအခွင့်အရေးအတွက် ဥရောပမှာ ပြန်ကစားဖို့ ကြိုးပမ်းနေကြောင်း သိရပါတယ်။ လာမယ့်မတ်လမှာ အသက် ၄၀ ပြည့်မယ့် ရာမို့စ် ဟာ ၂၀၂၁ နောက်ပိုင်း စပိန်လက်ရွေးစင်အသင်းအတွက် ရွေးချယ်ခြင်းမခံရတော့တာကြောင့် ၂၀၂၃ ခုနှစ်မှာ လက်ရွေးစင်ကစားသမားဘဝက အနားယူကြောင်း ကြေညာထားခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ စပိန်လက်ရွေးစင်အသင်းအတွက် ပြန်ကစားဖို့ ဆန္ဒရှိနေကြောင်း သိရပါတယ်။ ဒါကြောင့် မွန်တာရေးအသင်းနဲ့ စာချုပ်သက်တမ်းမတိုးတော့ဘဲ အခုနှစ်ကုန်မှာ ပြောင်းရွှေ့ကြေး အလွတ်နဲ့ ထွက်ခွာခဲ့ပြီး ဥရောပကလပ်အသင်းတစ်သင်းမှာ ပြန်ကစားဖို့ စီစဉ်နေကြောင်း သိရပါတယ်။ ရာမို့စ် ဟာ စပိန်လက်ရွေးစင်အသင်းရဲ့ ပွဲအများဆုံးကစားသမားအဖြစ် ၁၈၀ ပွဲနဲ့ မှတ်တမ်းဝင်နေသူဖြစ်ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲ ၄ ကြိမ် ယှဉ်ပြိုင်ခဲ့ဖူးသူ ဖြစ်ပါတယ်။ (NVS 008)

02 Dec

ADVERTISE HERE .