“ရပ်ရှ်ဖို့ဒ် ကို အပြီးသတ်ခေါ်ယူလိုတယ်လို့တဲ့ ဒေကို”

02 Dec

ဘာစီလိုနာအသင်းရဲ့ အားကစားဒါရိုက်တာ ဒေကို က ဖြစ်နိုင်ပါက ရပ်ရှ်ဖို့ဒ် ကို အပြီးသတ် ခေါ်ယူလိုတယ်လို့ ပြောကြားခဲ့ပါတယ်။ ဘာစီလိုနာအသင်းဟာ မန်ယူအသင်းက အင်္ဂလန်တိုက်စစ်ကစားသမား ရပ်ရှ်ဖို့ဒ် ကို တစ်ရာသီအငှား စာချုပ်နဲ့ ခေါ်ယူထားတာဖြစ်ပြီး ရာသီကုန်မှာ ယူရို ၃၅ သန်းနဲ့ အပြီးသတ်ခေါ်ယူနိုင်မယ့် အခွင့်အရေးရှိ နေပါတယ်။ ဒါပေမယ့် ဘာစီလိုနာအသင်းက ဘဏ္ဍာရေးပြဿနာရှိနေတာကြောင့် ရပ်ရှ်ဖို့ဒ် ကို အပြီးသတ် ခေါ်ယူမလားဆိုတာ မသေချာသေးပါဘူး။ ရပ်ရှ်ဖို့ဒ် ဟာ မန်ယူအသင်းရဲ့ ငယ်မွေးခြံပေါက်ကစားသမားဖြစ်ပြီး နည်းပြ အာမိုရင်မ် လက်ထက်အသင်းမှာ ရုန်းကန်လာရတာကြောင့် အငှားထွက်ကစားရတဲ့ အခြေအနေကို ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။ မန်ယူအသင်းမှာ ရပ်ရှ်ဖို့ဒ် ရုန်းကန်ခဲ့ရတာဟာ အသင်းက ပြန်လည်တည်ဆောက်မှု ပြုလုပ်ရတဲ့အချိန်မှာ တောင်းဆိုမှုအခံရဆုံး ဦးဆောင်ကစားသမားတစ်ယောက် ဖြစ်နေတာကြောင့်လို့လည်း ဒေကို က သုံးသပ်ခဲ့ပါတယ်။ (NVS 008)

02 Dec

ADVERTISE HERE .