“စီးရီးအေမှာ ပထမဆုံးအကြိမ် တစ်ပွဲတည်း နှစ်ဂိုးသွင်းခဲ့တဲ့ ဗာဒီ”
02 Dec
အင်္ဂလန်တိုက်စစ်မှူး ဗာဒီ ဟာ သူ့ကလပ် ခရီမိုနီဆီအသင်းအတွက် စီးရီးအေပြိုင်ပွဲမှာ ပထမဆုံးအကြိမ် တစ်ပွဲတည်း နှစ်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ ဗာဒီ က တစ်ဂိုးစီ သရေကျနေချိန် အသင်းအတွက် အနိုင်ဂိုးတွေသွင်းပေးခဲ့တာဖြစ်ပြီး ဘိုလော့ဂ်နာ အသင်းကို ပထမဆုံးအိမ်ကွင်းရှုံးပွဲ တွေ့စေခဲ့ပါတယ်။ဗာဒီဟာ ခရီမိုနီဆီအသင်းအတွက် ကိုးပွဲကစားထားပြီး လေးဂိုး သွင်းယူထားပါတယ်။ ဗာဒီ အနေနဲ့ ပြီးခဲ့တဲ့နွေရာသီက တစ်နှစ်စာချုပ်နဲ့ ရောက်ရှိလာပြီး တန်းမဆင်းပါက တစ်နှစ်သက်တမ်းတိုးခွင့် ပါဝင်ပါတယ်။ စီးရီးအေတန်းတက်ကလပ် ခရီမိုနီဆီအသင်းဟာ ၁၃ ပွဲကစားပြီး ၁၇ မှတ်နဲ့ အဆင့် (၁၁) နေရာမှာ ရပ်တည်နေပါတယ်။ ဘိုလော့ဂ်နာအသင်းကတော့ ထိပ်ဆုံးမှာ ပူးတွဲဦးဆောင်နေတဲ့ အေစီမီလန်၊ နာပိုလီတို့နောက် တစ်မှတ်ကွာကိုရောက်နေမယ့်အနေအထားကို လက်လွှတ်ခဲ့ရပါတယ်။ (NVS 008)
02 Dec