“အိန္ဒိယက တာဝေးဒရုန်းများကို ပြည်တွင်း၌တည်ဆောက်ရန် ပြင်ဆင်”

02 Dec

အိန္ဒိယနိုင်ငံက တာဝေးသွားဒရုန်းများကို တည်ဆောက်သွားရန်ပြင်ဆင်နေသည်ဟု Economic Times သတင်းဌာနက ဒီဇင်ဘာလ ၁ ရက်တွင်ဖော်ပြထားသည်။ ယင်းသို့ တာဝေးသွားဒရုန်းများကိုတည်ဆောက်ရာတွင် ပြည်တွင်းဖြစ်အင်ဂျင်များ ကိုအသုံးပြုသွားမည်ဖြစ်ကြောင်း သတင်းဌာနက ဆက်လက်ဖော်ပြထားသည်။ ထို့ကြောင့် အမျိုးသားလေကြောင်း အာကာသသုတေသနဌာနက ပြည်တွင်းဖြစ် Wankel အင်ဂျင်များကို အသုံးပြု နိုင်ရေးအတွက် ပြည်တွင်းပုဂ္ဂလိကကုမ္ပဏီတစ်ခုနှင့်သဘောတူညီချက်တစ်ခုကိုလက်မှတ်ထိုးထားသည်။ အဆိုပါသဘောတူညီချက်အရ အမျိုးသားလေကြောင်းအာကာသသုတေသနဌာနက ၎င်းတို့၏ မြင်းကောင် ရေ ၃၀ အားရှိ သည့် Wankel အင်ဂျင်နည်းပညာကို ပုဂ္ဂလိကကုမ္ပဏီသို့လွှဲပြောင်းပေးမည်ဖြစ်ပြီး ယင်းကုမ္ပဏီ အနေဖြင့် ဝေဟင်ပေါ်တွင် ကိုးနာရီကြာပျံသန်းနိုင်မည့်ဒရုန်းများကို ထုတ်လုပ်ပေးရမည်ဖြစ်သည်။ အဆိုပါဒရုန်း များအနေဖြင့် မိုင် ၅၆၀ အကွာအဝေးရှိပစ်မှတ်များကို ပစ်ခတ်နိုင် စွမ်းရှိမည်ဖြစ်ပြီး လက်ရှိတွင် ထိုအင်ဂျင်များ အတွက် အရေးကြီးသည့် စမ်းသပ်ပျံသန်းမှုဆိုင်ရာအတည်ပြုမှုကိုရရှိထားပြီဖြစ်ကြောင်းနှင့် မြင်းကောင်ရေ ၅၀ အားရှိသည့် အင်ဂျင်ကိုလည်း ဖန်တီးလျက်ရှိကြောင်း RT သတင်းဌာနဖော်ပြချက်အရ သိရသည်။

02 Dec

ADVERTISE HERE .