“မဲစာရင်း မှန်ကန်ရေးအတွက် တွံတေးမြို့နယ်မှာ မြေပြင်ကွင်းဆင်းတိုက်ဆိုင်စစ်ဆေး”
02 Dec
ယခုလအတွင်းကျင်းပမည့် အထွေထွေရွေးကောက်ပွဲအတွက် မဲစာရင်းမှန်ကန်မှုရှိနိုင်ရန် ရန်ကုန်တိုင်းဒေသကြီး၊ တွံ့တေးခရိုင်၊ တွံ့တေးမြို့နယ်မှာ သက်ဆိုင်တဲ့ အာဏာပိုင်အဖွဲ့အစည်းများက မြေပြင်ကွင်းဆင်းတိုက်ဆိုင် စစ်ဆေး ပေးလျက်ရှိပါတယ်။ ယခုလိုစစ်ဆေးပေးရာမှာ တွံ့တေးမြို့နယ်၊ အိုးဘိုအရှေ့ရပ်ကွက်၊ အိုးဘိုအနောက်ရပ်ကွက်နှင့် ရှမ်းစုကျေးရွာ တို့မှာ မြေပြင်ကွင်းဆင်းတိုက်ဆိုင်စစ်ဆေးရေး (Door to Door) အိမ်တိုင်ရာရောက် စစ်ဆေးခြင်းများလည်း ဆောင်ရွက်ပေးခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် ကျွန်းတောရပ်ကွက်နှင့် အိုးဘိုအရှေ့ရပ်ကွက်တို့တွင် မဲစာရင်းမှန်ကန်စေရေး၊ မဲစာရင်းတွင် မပါသင့်သူများ မပါဝင်စေရေးနှင့် ပါသင့်သူများ မကျန်စေရေး အိမ်တိုင်ရာရောက် မဲစာရင်းစစ်ဆေးခြင်းလုပ်ငန်းအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရပါတယ်။ လက်ရှိအချိန်မှာ ဒုတိယအကြိမ်မဲစာရင်း နိုဝင်ဘာလ ၂၁ ရက်မှ ဒီဇင်ဘာလ ၄ ရက်အထိ ကပ်ထား ကြေညာမည်ဖြစ်ကာ မဲဆန္ဒရှင်များအနေနဲ့ မဲစာရင်းကို လာရောက်ကြည့်ရှုပြီး မိမိအမည် မဲစာရင်း၌ မပါဝင်ပါက ပုံစံ (၃) ဖြင့် အမည်ထည့်သွင်းပေးဖို့ တောင်းဆိုခြင်း၊ မပါဝင်သင့်သူများ ပါဝင်နေပါက ပုံစံ (၄) ဖြင့် ကန့်ကွက်ခြင်း၊ မဲစာရင်းပါ အချက်အလက်များ မှားယွင်းနေပါက ပုံစံ (၄-ဂ) ဖြင့် ပြင်ဆင်လွှာတင်သွင်းခြင်းများ ဆောင်ရွက်ရန် လိုအပ်မှာလည်း ဖြစ်ပါတယ်။ (NVS 004)