“တရုတ်နိုင်ငံက မြန်မာနိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးသောမဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံတစ်ခုဖြစ်”

02 Dec

တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးသောမဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံတစ်ခုဖြစ်တယ်လို့ တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်မောင်ဆွေမှ နိုဝင်ဘာလ ၂၆ ရက်က တရုတ်နိုင်ငံ၊ ဟဲနန်ပြည်နယ်၊ ကျန်းကျိုးမြို့၌ကျင်းပတဲ့ မြို့တစ်မြို့ထုတ်ကုန်တစ်ခု နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု ဖိုရမ်မှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။ မြန်မာသံအမတ်ကြီး ဦးတင်မောင်ဆွေ က တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံသာမက စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးသောမဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံဖြစ်ကာ “မြို့တစ်မြို့ ထုတ်ကုန်တစ်ခု” မဟာဗျူဟာက အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်မှာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် မြန်မာသံအမတ်ကြီးသည် တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံသူများနှင့် စီးပွားရေးလုပ်ငန်းရှင်များကို စိုက်ပျိုးရေး၊ ကုန်ထုတ်လုပ်မှုနှင့် e-commerce ပလပ်ဖောင်းများကဏ္ဍတွင် ရင်းနှီးမြှုပ်နှံ၍ နှစ်ဖက်လုံးအကျိုးရှိမည့် ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်ရန် ဖိတ်ခေါ်ခဲ့ပါတယ်။ အဆိုပါ ဖိုရမ်ကို One Belt, One Road, One World. One Town One Product, One Dream ခေါင်းစဉ်အောက်မှ ကျေးလက်ဒေသပြန်လည်ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုရန်၊ မြို့/ခရိုင်အဆင့် စီးပွားရေးလုပ်ငန်းများ ခိုင်မာအားကောင်းစေရန်နှင့် ပြည်တွင်းဈေးကွက်လည်ပတ်မှု တိုးတက်လာစေရန် ရည်ရွယ် ကျင်းပခဲ့ခြင်းဖြစ်ပြီး အပြည်ပြည်ဆိုင်ရာ ထုတ်ကုန်ပြပွဲအဖြစ် ပြခန်းပေါင်း ၃၀၀ ခန့်လည်းဖွင့်လှစ်ပြသခဲ့ပါတယ်။ (NVS 004)

02 Dec

ADVERTISE HERE .