“နိုင်ငံ့ဝန်ထမ်းများအနေနဲ့ ဥပဒေကိုသိရှိနိုင်ရန် သင်တန်းများပို့ချပေးလျက်ရှိ”
02 Dec
နိုင်ငံ့ဝန်ထမ်းများအနေနဲ့ ဥပဒေကိုသိရှိနားလည်ကြဖို့လိုအပ်တာကြောင့် အခြေခံပညာအဆင့်ကစပြီး ဥပဒေအသိပညာတွေကို သင်ကြားပေးနေကြောင်း နိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း သာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ဒီဇင်ဘာလ ၁ ရက်နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ဇီးပင်ကြီးရှိ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)ကို ကြည့်ရှုစစ်ဆေးစဥ်မှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။ နိုင်ငံတော်ယာယီသမ္မတမှ ဝန်ကြီးဌာနအားလုံးရှိ နိုင်ငံ့ဝန်ထမ်းများအားလုံး ပုံစံတကျဖြစ်စေရန် နိုင်ငံ့ဝန်ထမ်း တက္ကသိုလ်များကိုဖွင့်လှစ်သင်ကြားလေ့ကျင့်ပေးနေမှု၊ နိုင်ငံသားတိုင်း နိုင်ငံကိုကာကွယ်စောင့်ရှောက်ရန် တာဝန်ရှိ၍ နိုင်ငံတော်ကာကွယ်ရေးအတွက် အထောက်အကူပြုနိုင်ရန် အခြေခံစစ်ပညာရပ်များကို ထည့်သွင်းသင်ကြား လေ့ကျင့်ပေးနေမှုတို့ကို ပြောကြားခဲ့ပါတယ်။ အခုလိုထည့်သွင်းသင်ကြားပေးခြင်းကြောင့် နိုင်ငံ့ဝန်ထမ်းများအနေနဲ့အမိန့်နာခံတတ်မှု၊ စည်းကမ်းစနစ်တကျ လုပ်ကိုင်ဆောင်ရွက်တတ်မှု၊ အစုအဖွဲ့စနစ်နဲ့ စုစည်းညီညွတ်တဲ့ စိတ်ဓာတ်နဲ့ လုပ်ကိုင်ဆောင်ရွက်တတ်တဲ့ အလေ့အကျင့်ကောင်းတွေရှိလာမှာဖြစ်ပါကြောင်း နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်များမှာ ရုံးလုပ်ငန်းစည်းမျဉ်းစည်းကမ်းများ၊ အုပ်ချုပ်မှုလုပ်ငန်းလုပ်ငန်းများ စနစ်တကျဖြစ်စေရေးအတွက် အမှုထမ်းများ၊ အရာထမ်းများကို ဘာသာရပ်များ အလိုက် သင်ကြားလေ့ကျင့်ပေးရာမှာ ထိရောက်တဲ့သင်ကြားလေ့ကျင့်မှုများ ဖြစ်ရန်လိုအပ်ပြီး ဝန်ထမ်းများစိတ်ဓာတ် စည်းကမ်းကောင်းမွန်စေရေး၊ ပါတီနိုင်ငံရေးကင်းရှင်းတဲ့ဝန်ထမ်းများ၊ နိုင်ငံကို ချစ်မြတ်နိုးသည့်စိတ်ရှိတဲ့ ဝန်ထမ်း ကောင်းများဖြစ်အောင်လေ့ကျင့်ပေးရမည်ဖြစ်ကြောင်း သင်ကြားပေးနေတဲ့ ဘာသာရပ်တွေ ထိရောက်အကျိုးရှိစေဖို့ ဆောင်ရွက်ပေးရမှာဖြစ်ကြောင်း သင်ရိုးညွှန်းတမ်းတွေကလည်း မိမိတို့နိုင်ငံနဲ့ ကိုက်ညီတဲ့ သင်ရိုးညွှန်းတမ်းတွေ ဖြစ်ဖို့လိုအပ်ကြောင်း ဥပဒေနှင့်ပတ်သက်ရင် မိမိတို့ဟာ ဒီမိုကရေစီလမ်းကြောင်း ပေါ်လျှောက်လှမ်းနေတာကြောင့် ဥပဒေကိုသိရှိနားလည်ဖို့ အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်းအားလုံး ဥပဒေကို သိရှိနားလည်ကြဖို့လိုတာကြောင့် အခြေခံပညာအဆင့်ကစပြီး ဥပဒေအသိပညာတွေကို သင်ကြားပေးနေကြောင်း ပြောကြားခဲ့ပါတယ်။ နိုင်ငံ့ဝန်ထမ်း များဟာ အသက် ၁၈ နှစ်ပြည့်ပြီးသူများဖြစ်၍ ဥပဒေကိုသိရှိနားလည်ရန် လိုအပ်ပြီး သင်တန်းများဖွင့်လှစ်သင်ကြား ရာမှာ ဥပဒေပညာရပ်များကို ထည့်သွင်းသင်ကြားပေးရမည်ဖြစ်ကာ ဝန်ကြီးဌာနများအားလုံး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးရှိ ရုံးလုပ်ငန်းစည်းမျဉ်းများစနစ်တကျရှိစေရေးအတွက် နိုင်ငံ့ဝန်ထမ်း တက္ကသိုလ်မှစတင်ပြီူ အခြေခံရရှိအောင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း နိုင်ငံတော်ယာယီသမ္မတက ဆက်လက် ပြောကြားခဲ့ပါတယ်။ အဲဒီနောက် နိုင်ငံတော်ယာယီသမ္မတက နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်အတွင်း၊ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှု ဖြစ်ပေါ်ခဲ့တဲ့ နီလာခန်းမနှင့် မဟောသဓခန်းမ၊ ခတ္တာဆောင်ရှိ သင်တန်းသူအိပ်ဆောင်များကို ကြည့်ရှုစစ်ဆေး ခဲ့ပါတယ်။ (NVS 004)