“ချင်းမိုင်မြို့၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှာ ကြိုတင်မဲဆန္ဒပေးခြင်း ပထမနေ့ကို ကျင်းပပြုလုပ်ခဲ့”
02 Dec
ထိုင်းနိုင်ငံမြောက်ပိုင်းခရိုင်များမှာ အလုပ်လုပ်ကိုင်လျက်ရှိသော မြန်မာနိုင်ငံသားများ မဲပေးခွင့်မဆုံးရှုံးစေရေး အတွက် အထွေထွေရွေးကောက်ပွဲအပိုင်း(၁)အတွက် ကြိုတင်မဲဆန္ဒပေးခြင်း ပထမနေ့ကို ချင်းမိုင်မြို့၊ မြန်မာ ကောင်စစ်ဝန်ချုပ်ရုံးမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ကြိုတင်မဲပေးခြင်းကို ဒီဇင်ဘာလ ၁ ရက် နံနက် ၉ နာရီခွဲမှ ညနေ ၄ နာရီခွဲအထိကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်ပါတယ်။ ကြိုတင်မဲဆန္ဒပေးခြင်းကို ဒီဇင်ဘာလ ၁ ရက်မှ ဒီဇင်ဘာလ ၄ ရက်အထိ လေးရက်တိုင်တိုင် ကျင်းပ ပြုလုပ်သွားမှာ ဖြစ်ကြောင်း သိရပါတယ်။ ဒါ့အပြင် ဒီဇင်ဘာလ ၆ ရက်နှင့် ၇ ရက်များမှာ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး၌ ထိုင်းနိုင်ငံရောက်မြန်မာများ ကြိုတင်မဲပေးနိုင်မှာဖြစ်ပြီး ၎င်းတို့အနေနဲ့ သံရုံးကို လူကိုယ်တိုင်လာရောက်တဲ့အခါ နိုင်ငံသားစိစစ်ရေးကတ်၊ မူရင်း/ မိတ္တူနှင့် နိုင်ငံကူးရလက်မှတ် မူရင်းတို့ကိုလည်း ယူဆောင်လာရမည်ဖြစ်ကြောင်း ဘန်ကောက်မြို့၊ မြန်မာသံရုံးက အသိပေးကြေညာထားပါတယ်။ (NVS 004)